အဆိုတော် မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပြီး အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဟိန်းမင်းသူကိုသိကြမယ်ထင်ပါတယ်နော်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရုပ်သံဇာတ်လမ်းတွဲတွေ mtv သီချင်းတွေမှာပါ ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ "ပျားရည်အိုင်" ဇာတ်ကားမှာဆိုရင်လည်း သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။

ဟိန်းမင်းသူကိုယ်တိုင်ပါဝင်သီဆို သရုပ်ဆောင်ထားတဲ့ "Burn My Heart" mtv နှင့် "ချစ်လို့မဝသေးလို့" mtv ဟာဆိုရင်လည်း ကြည့်ရှုသူ အများအပြားရရှိခဲ့ပြီး လူငယ်ပရိသတ်တွေကြား အလွန်ပင်ရေပန်းစားခဲ့တာဖြစ်ပါတယ်။ စမ်းသစ်တီထွင်မှုတွေအမြဲပြုလုပ်နေပြီး နိုင်ငံခြားသားအဆိုတော်နှစ်ယောက်နှင့် သီချင်းအလန်းစားလေးတစ်ပုဒ်ကို ဖန်တီးပြုလုပ်ထားပါသေးတယ်နော်။ six pack ခန္ဓာကိုယ်ကို အထင်သားပေါ်လွင်စေတဲ့ ပုံရိပ်လေးတွေ တင်လေ့ရှိတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်ဖန်တီးပြီး ထုတ်ဖော်ပြသပေးလေ့ရှိတာဖြစ်ပါတယ်။

ဟိန်းမင်းသူဟာဆိုရင် တတိုင်းပြည်လုံးရှိပရိသတ်ကြီးကို တလေးတစားနဲ့ သူရဲ့ အနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ထိုသို့ဖော်ပြရာတွင် လူမှုကွန်ယက်စာမျက်နှာတစ်ခု ဖြစ်တဲ့ facebook ကိုသာ အသုံးပြုတာဖြစ်တာကို ပရိသတ်ကြီးအနေနဲ့ သိပြီးကြမှာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ယောကျာ်းပီသပြီး စတိုင်လ်ဒီဇိုင်းသေသပ်လှသော သူရဲ့ ပုံရိပ်လေးတွေကို "ကို လာခေါ်နေပြီနော်"လို့ဆိုထားတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသတင်ဆက်ထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။