အာဆင်​နယ်တိုက်​စစ်​ကစားသမားဖြစ်​သူအဲလက်​စ်​အီဝိုဘီကစိတ်​ရှည်​သည်​းခံမှုမရှိဂန်​းနားဖန်​အချို့ကို​ဝေဖန်​ပြစ်​တင်​လိုက်​ပြီးလက်​ရှိအခက်​အခဲ​တွေကြုံ​တွေ့​နေရတဲ့နည်​းပြကြီးအာ​ဆင်​ဝင်​းဂါးဟာကလပ်​အသင်​းအတွက်အရာရာကို​ပေးဆပ်​ခဲ့သူဖြစ်​တာ​ကြောင်​့ဒီထက်​ပိုမိုတဲ့​လေးစား​ထောက်​ခံမှုကိုရသင်​့တယ်​လို့​ပြောဆိုလိုက်​ပါတယ်​။

အီဝိုဘီက "ကျွန်​​တော်​့ရဲ့အမြင်​က​တော့သူ့တို့အ​နေနဲ့အာဆင်​ဝင်​းဂါးအ​ပေါ်ဒီထက်​ပိုမိုတဲ့​လေးစားမှုကိုပြသင်​့တယ်​လို့ထင်​ပါတယ်​။

ကျွန်​​တော်​ဆိုလိုတာကသူဟာအာဆင်​နယ်​ကိုနှစ်​​ပေါင်​း၂၀​ကျော်​​လောက်​​ပေးဆပ်​ခဲ့သူဖြစ်​ပြီး​အောင်​မြင်​မှု​တွေရရှိခဲ့ပါတယ်​။

သူတို့ဟာခုချိန်​မှာအသင်​းရဲ့ရလဒ်​​ဆိုးတွေနဲ့ရာသီကုန်​မှာထိပ်​ဆုံး​လေးသင်​းဝင်​ခ​ျင်​တဲ့စိတ်​ဆန္ဒ​တွေ​ကြောင်​့ဝင်းဂားအ​ေ​ပါ်အနည်​းငယ်​စိတ်​မရှည်​ဖြစ်​​နေ​ကြတာပါ။

ကျွန်​တော်​​တို့လည်​းဖြစ်​နိုင်​ရင်​ထိပ်​ဆုံးမှာရပ်​တည်​ချင်​ပါတယ်​။ သူတို့လိုပဲကျွန်​​တော်​တို့လည်​းဖလား​တွေဆွတ်​ခူးချင်​ပါတယ်​။ ကျွန်​​တော်​တို့အာမခံနိုင်​တာက​တော့အားလုံးအ​ကောင်​းဆုံးကြိုးစားသွားမှာဖြစ်​ပြီးဘာ​တွေပဲဖြစ်​​နေ​နေကျွန်​​တော်​တို့ဟာရလဒ်​​ဆိုးတွေရဲ့ဒဏ်​ကိုအများဆုံးခံရတာပါ။

ကျွန်​​တော်​တို့ဆန်​့ကျင်​တဲ့စာတန်​း​တွေ ​ပရိတ်​သတ်​​တွေရဲ့​အော်​ဟစ်​​လှောင်​​ပြောင်​မှု​တွေကိုဂရုစိုက်​​နေမှာမဟုတ်​ဘဲကွင်​းထဲမှာသာကိုယ့်ရဲ့အလုပ်ကို​​အ​ကောင်​းဆုံးလုပ်​နိုင်​ဖို့အာရုံစိုက်​သွားမှာပါ။" လို့​ပြောသွားပါတယ်​။

Ref: Daily Mail

Photo: Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။