ပရိသတ်ကြီးကို အခုတစ်ခေါက်မှာဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာနေထိုင်တဲ့ လူမျိုးစုတွေထဲမှာမှ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး

သီးသီးသန့်သန့် နေထိုင်တဲ့ လူရိုင်းမျိုးနွယ်စုတွေရဲ့ ထူးခြားလွန်းလှတဲ့ ရိုးရာ ဝတ်စုံတွေကို ဖော်ပြပေးချင်ပါတယ်။

တိုဗွီရာ

ပါဝါပူ နယူးဂီနီ ကျွန်းစုမှာရှိတဲ့ တိုဗွီရာ ရွာမှာ နေထိုင်တဲ့ ရွာသားတွေဟာ တစ်ကယ့်ကို ရိုးရာယဉ်ကျေးမှုကို အလေးထားတဲ့ လူမျိုးစုတစ်စုပဲ ဖြစ်ပါတယ်။ သိသာစေတဲ့ အချက်ကတော့ သူတို့ရွာရဲ့ အဓိက အစားအစာဟာ အုန်းသီးဖြစ်ပြီး အုန်းပင်စောင့် နတ်တွေကို ဦးချပြီးမှသာ သူတို့စားခွင့် ရှိတယ်လို့ ယုံကြည်ကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လူမျိုးတွေ အမြဲ ကျင်းပလေ့ရှိတဲ့ ပွဲတော် တစ်ခုရှိပြီး ထိုပွဲတော်မတိုင်ခင်မှာလည်း အုန်းသီးစားခွင့်မရှိပါဘူးတဲ့ ..အခုမြင်တွေ့နေရတဲ့ ပုံကတော့ ၁၉၂၁ ခုနှစ်တုန်းက ကမ္ဘာလှည့် ခရီးသွားတစ်ယောက်ရိုက်ကူးထားတဲ့ တိုဗွီရာ ရွာသားတွေရဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။

Juju

အာဖရိကတိုက် နိုင်ဂျီရီးယားနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ နတ်ကို ယုံကြည်ကိုးကွယ်တဲ့ လူမျိုးစု တစ်စုနေထိုင်ကြပါတယ်။ အခုမြင်တွေ့နေရတဲ့ ပုံကတော့ Juju လို့ခေါ်တဲ့ နတ်ဆရာ ဝတ်စုံဖြစ်ပြီး ရွာရဲ့ ထိပ်တန်းအကြီးအကဲ နတ်ဆရာတွေသာ ဝတ်ဆင်ခွင့်ရှိကြတာပဲ ဖြစ်ပါတယ်။ နတ်ဆရာတွေရဲ့ တာဝန်တွေကတော့ ရွာမှာ နာမကျန်းဖျားနာ ဖြစ်နေတဲ့သူတွေကို ကုသပေးတဲ့အပြင် အကြီးအကဲခေါင်းဆောင်တွေကို သူတို့ တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ စောင့်ရှောက်ရတာမျိုးလည်း ရှိပါတယ်။

Nubian

မြင်လိုက်တာနဲ့ ထူးဆန်းသွားတယ်လို့ ထင်သွားတယ်မလား ပရိသတ်ကြီးရေ..ဒါဟာ ဆူဒန်နိုင်ငံ အရှေ့ဘက်မှာ နေထိုင်ကြတဲ့ Nubian လူမျိုး အမျိုးသမီးစစ်သည်တော်တွေပဲ ဖြစ်ပါတယ်။ အခုမြင်နေရတဲ့ အဝါလိုင်းတွေကတော့ တစ်ကယ်မပါပါဘူး။ Leni Riefenstahl ဆိုတဲ့ ပုဂ္ဂိုလ်က ကြည့်လို့ကောင်းအောင် အဝါမျဉ်းလေးတွေ ထပ်ဖြည့်ပေးထားတာပဲ ဖြစ်ပါတယ်။ တစ်ကယ့်ပုံ အစစ်အမှန်ကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Dogon

ဒါကလည်း အာဖရိကတိုက် မာလီနိုင်ငံထဲမှာရှိတဲ့ Dogon လူမျိုးတွေရဲ့ ကခြေသည် ဝတ်စုံတွေပဲ ဖြစ်ပါတယ်။ အမှတ်တမဲ့ကြညိ့လိုက်ရင် ဆပ်ကပ်ပြပွဲတွေထဲက လူရွှင်တော်တွေ အသုံးပြုကြတဲ့ ခြေတံရှည်ကြီးတွေနဲ့တောင် တူနေပါသေးတယ်။ Dogon လူမျိုးတွေဟာ ဖက်ရှင်ပိုင်းကို တီထွင် ဆန်းသစ်မှုတွေလုပ်နိုင်ကြပြီး သူတို့ရဲ့ ဝတ်စုံတွေဟာ တစ်ကယ်ကို ဆန်းသစ်လှပါတယ်။

Source : Once A Glane Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။