ချစ်ပရိတ်သတ်ကြီးရေ... ရုပ်ရှင်ဗီဒီယိုလောကမှာ နာမည်ကြီးဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ဇာတ်သဘင်ပိုင်းမှာလည်း အောင်မြင်တဲ့ လူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ဟာသပညာရှင်ကြာစိကို ပရိတ်သတ်ကြီးလည်းသိကြမှာပါနော်။ သူဟာအချစ်အမုန်းအလွမ်းကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ပေမယ့် သူ့ကိုပရိတ်သတ်တွေက ဟာသဇာတ်ရုပ်နဲ့ဆိုရင်ပိုပြီးတော့ သဘောတွေ့ကြပါတယ်နော်။

ကြာစိဟာ ရုံတင်ဇာတ်ကားကြီးပေါင်းများစွာမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ရတဲ့အထိကိုအောင်မြင်မှုတွေရရှိခဲ့ပြီးတော့ လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုဇယ်ဆက်သလို ဆက်တိုက်လုပ်နေရသူတစ်ဦးလည်းဖြစ်ပါတယ်နော်။သူဟာ အခုအချိန်မှာဆိုရင် ချစ်ဖို့ကောင်းတဲ့သမီးလေး ဆုသဒ္ဓါလေးရယ် ဇနီးချောလေးရယ် ပြီးတော့ ပရိတ်သတ်တွေအားကျရလောက်တဲ့သာယာတဲ့မိသားစုကမ္ဘာလေးကိုပါ ပိုင်ဆိုင်ထားရတဲ့သူလေးတစ်ဦးလည်းဖြစ်ပါတယ်နော်။

အခုတစ်ခါမှာတော့ ပရိတ်သတ်တွေအရမ်းချစ်နေရတဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ဟာသဗီဒီယိုလေးတစ်ခုကိုဖန်တီးပြီး ပရိတ်သတ်ကြီးအတွက် ဘဝအမောတွေပြေစေဖို့တင်ပေးခဲ့ပါတယ်နော်။ ဒီဗီဒီယိုဖိုင်လေးထဲမှာတော့ ကြာစိဟာ တကယ့် မိန်းကလေးလေးတစ်ယောက်လိုပြင်ထားပြီးတော့ သူ့ရဲချစ်ဇနီးလေးနဲ့အတူ ပရိတ်သတ်တွေ အူတက်ရယ်မောရအောင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်နော်။ကဲ... ကြည့်ရှုတဲ့ပရိတ်သတ်တွေအများအပြားရှိခဲ့တဲ့ ကြာစိတို့ရဲ့ဟာသဗီဒီယိုဖိုင်လေးကို ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyar Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။