စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် တုံငယ်ကျေးရွာ၌ တစ်သောင်းတန်၊ ငါးထောင်တန်ငွေစက္ကူအတုများနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ဝင်းကြီးကြပ်၍ ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် မတ် ၂၄ ရက်က ထီးချိုင့်မြို့နယ် တုံငယ် ကျေးရွာနေမောင်ငယ်ဆိုသူ၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ၄င်းနေအိမ်၌ ငွေတုနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ မတွေ့ရှိသော်လည်း ၄င်း၏ပြောပြချက်အရတစ်ရွာတည်းနေ ကံချွန်ဆိုသူ၏နေအိမ်အတွင်းမှ တစ်သောင်းတန် ငွေစက္ကူအတုနှစ်ရွက်၊ ငါးထောင်တန် သုံးရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင်အသုံးပြုသည့် ကွန်ပျူတာတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရေးအဖွဲ့များသည်သတင်းအရ တုံငယ်ကျေးရွာနေ ပိုစန်းဆိုသူ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ပိုစန်းအားမတွေ့ရှိရဘဲ ၄င်း၏ဇနီးဖြစ်သူ မမြင့်နိုင်မှ ငွေအတုပြုလုပ်ရာတွင် အသုံးပြုသည့် ငွေကြိုးလှဲ့သည့်စက်တစ်လုံး၊ ပရင်တာဆေးဘူး ခြောက်ဘူးကို သိမ်းဆည်းရမိပြီး ငွေစက္ကူအတုပြုလုပ် သူ ထီးချိုင့်မြို့နယ် တုံငယ်ကျေးရွာနေ မောင်ငယ်၊ ပိုစန်း၊မမြင့်နိုင်နှင့် ကံချွန်တို့လေးဦးအားထီးချိုင့်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

လူအောင်(ကသာ)

Credit - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။