အဆိုတော်အာဇာနည်ကတော့ ချစ်ပရိသတ်တွေရဲ့ရင်ထဲမှာ ရာစုနှစ်တစ်နှစ်စာလောက် နေရာယူထားတဲ့ ချစ်ပရိသတ်တွေရဲ့အသည်းကျော်အဆိုတော်ကြီးပဲဖြစ်ပါတယ်။ အာဇာနည်ကတော့ယခုမှာ မကြာခဏ ခရီးတွေထွက်နေပြီး မိသားစုလေးကို အပြုံးပန်းတွေဝေဆာအောင် ပျော်ရွင်မှုတွေကို မကြာခဏပေးနေသူလဲဖြစ်ပါတယ်။

ပရိသတ်အသည်းကျော်ကြီး အာဇာနည်ကတော့ အနပညာအလုပ်တွေကနေ အနားယူနေသော်လဲ ပရိသတ်တွေရဲ့ အားေးခြင်းကိုခံနေရတဲ့ ပရိသတ်အချစ်တော်ကြီး ပဲဖြစ်ပါတယ်။အာဇာနည်ကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ချစ်ချစ်တုန်လေးကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလဲ မမှားပါဘူး ။  

အာဇာနည်သားလေးချစ်ချစ်တုန်လေးကတော့ လမ်းစလျှောက်တတ်နေပြီဖြစ်ရာ ယိုင်နဲ့ယိုင်နဲ့လေးနဲ့ တစ်အိမ်လုံးကို လျှောက်ပြေးနေပြီး အပျော်လွန်ကာ စကားတွေပြောနေပါတယ်။ ချစ်ချစ်တုန်လေးကတော့ တစ်နှစ်တစ်လကျော်မှာ လမ်းစလျှောက်တတ်တာဖြစ်ပြီး ကြည်မိသူတိုင်း အသည်းယားပြီး အချစ်တွေပိုခဲ့ရတဲ့ ချစ်ချစ်တုန်လေးရဲ့ လျှောက်ပြေးနေတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

source: အာဇာနည် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။