ကချင်တိုင်းရင်းသူ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ M Seng Lu ဟာဆိုရင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပြီး ပုရိသတွေရဲ့ ဝန်းရံအားပေးမှုကို အများဆုံးရရှိထားတာဖြစ်ပါတယ်။ ချစ်စရာ အမူအရာလေးတွေနဲ့ လူတိုင်းအပေါ်ရိုးသားပွင့်လင်းစွာ ပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် အားပေးမှုတွေ ပိုပိုတိုးပွားလာတာဖြစ်ပါတယ်။ စတိုင်ဒီဇိုင်းအလန်းလေးတွေနဲ့ ပွဲတက်လေ့ရှိပြီး သွယ်လျပြေပြစ်တဲ့ Body အလှအပကို အထင်သားပေါ်လွင်စေတာဖြစ်ပါတယ်။ သူမရဲ့အလှပုံရိပ်တွေကိုလည်း facebook ပေါ်တွင် အမြဲတင်လေ့ရှိတာကိုတွေ့ရမှာပါ။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှု တွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ရတာဖြစ်ပြီးကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးလာတာဖြစ်ပါတယ်။ ခပ်ချေချေ ပုံစံလေးနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ ရင်ကိုလှုပ်ကိုင်နိုင်တဲ့သူလည်းဖြစ်တယ်လို့ဆိုရမှာပါ။ ခရီးသွားဝါသနာပါသူဖြစ်ပြီး trip ထွက်တဲ့အခါမှာလည်း သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးကြည့်ရှုခံစားရအောင် ထုတ်ဖော်ပြသလေ့ရှိသူ လည်းဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ရန်ကုန်ဈေးကို ရောက်ရှိနေပြီး အနုပညာ ညီအမတွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်၊ ခင်လေးနွယ်၊ သက်မွန်မြင့်၊ ချစ်သုဝေအစရှိတဲ့ နိုင်ငံကျော်မင်းသမီးတွေနဲ့လည်း ချစ်ခင်ရင်းနှီးစွာ အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးခဲ့တာကို မြင်တွေ့ရမှာပါ။

ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမွှာသမီးလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်ဆိုရင်လည်း တစ်ကယ့်ကို ပွဲလယ်တင့်ပြီး လူတိုင်းချစ်ကြတဲ့ သမီးရတနာလေးတွေအဖြစ် မြင်တွေ့ရမှာပါနော်။ M Seng Lu က ထိုကဲ့ သို့ကြည်နူးဖွယ်ကောင်းသော ပုံရိပ်လေးတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်။ Myanmarload ပရိသတ်ကြီးလည်း အလွန်ကြည်နူးသာယာပျော်ရွှင်ဖွယ်ကောင်းသာ အမှတ်တရပုံရိပ်လေးတွေကိုကြည့်ရင်း အပျော်တွေကူးစက်နိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

Source M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။