Miley Cyrus နဲ့ Liam Hemsworth တို့ဟာ မနှစ်က Christmas မတိုင်ခင်မှာ နှစ်ယောက်ကလက်ထပ်ခဲ့ကြကာ လူတွေအားလုံးအံသြခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ဟာဆိုရင်လဲ လူတွေမသိခဲ့ကြဘူးလေ...အဲ့တော့ ပိုအံ့သြခဲ့ကြတာပေါ့ဗျာ။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Miley ဟာဆိုရင် သောကြာနေ့က Instagram ပေါ်ကို သူမတို့မင်္ဂလာဆောင်က အပျော်သဘောရိုက်ထားတဲ့ ပုံတွေကိုတင်ခဲ့ပါတယ်။ သူမတို့မင်္ဂလာဆောင်ကရိုရှင်းပေမဲ့ ပုံမှန်တွေထက်တော့ ခမ်းနာပါတယ်.... Miley ဝတ်တဲ့ သတိုသမီးဝတ်စုံဆိုရင် ဒေါ်လာ၈၆၀၀ တန်းဖိုရှိပါတယ်။

သူမရဲ့ ပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်နေတတ်တဲ့ အကျင့်တွေက မင်္ဂလာဆောင်တာတောင် မထိန်းနိုင်ပါဘူး...ပုံတွေမှာပြနေပါတယ် သူမရဲ့ ပျော်ပျော်နေတတ်တဲ့ပုံစံတွေကိုပေါ့။ Liam ဟာလဲ အစီအစဉ်တစ်ခုမှာ သူမနဲ့ပတ်သတ်ပြီး ပြောသွားခဲ့ပါတယ်။ " ကျွန်တော်တို့နှစ်ယောက်ပြီးခဲ့တဲ့ ၁၀နှစ်လုံးလုံးမှာ အတူတူပျော်ခဲ့ကြပါတယ်...အဲ့တော့ လက်ထပ်ဖို့လဲအချိန်တန်ပြီဆိုတော့ လက်ထပ်လိုက်ကြပါတယ်...အရမ်းကို ပျော်ရွှင်ပါတယ်...သူမလိုသူမျိုးနဲ့လက်ထပ်ရတာ တကယ်ပါ " ဆိုပြီး Liam ဟာပြောခဲ့ပါတယ်။

Miley ဟာလဲ 'My Valentine every single day' ဆိုပြီးပြောခဲ့ကာ သူမရဲ့ ယောက်ျားဖြစ်သူကို ချစ်ကြောင်းတွေပြောခဲ့ပါတယ်။ " ကျွန်တော်ရဲ့နောက်ဆုံးနာမည်ကို သူမယူသွားလို့ ကျွန်တော်ဝမ်းသာပါတယ်.....ဒါဂုဏ်ယူစရာကိစ္စတွေထဲကတစ်ခုပါ...သူမကို ကျွန်တော်နာမည်ယူဖို့မပြောပေမဲ့ သူမဘာသာယူသွားပါတယ်...ကျေနပ်ပါတယ်ဗျာ " ဆိုပြီးပြောခဲ့ပါတယ်။ အိမ်ထောင်တစ်ခုမှာ ခုလိုမျိုး ကိုယ့်အလုပ်နဲ့ကိုယ်လုပ်ကြပြီး နားလည်မှုတွေရှိရင် အိမ်ထောင်ရေးဟာ သာယာပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။