ဝါရင့်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် မင်းသားချော လူမင်းနဲ့ သရုပ်ဆောင် မင်းသမီးချော ထွန်းအိန္ဒြာဗိုလ်တို့ကတော့ လက်ရှိမှာ ကယ်လီဖိုးနီးယားနိုင်ငံရှိ ဆန်ဖရန် စစ္စကိုမြို့လေးကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင်စွမ်းရည်ပြည့်ဝပြီး ထူးချွန်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးက ဆန်ဖရန် စစ္စကိုမြို့လေးမှာ ရုပ်ရှင်ရိုက်ကူးရေးပြုလုပ်ရန်အတွက် တစ်လတိတိ နေထိုင်ဖို့ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်လေးနဲ့ ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုလ်က "San Francisco မှာ ကျမတို့ တည်းခိုရာ အိမ် နဲ့ ပတ်ဝန်းကျင် view တွေပါ...ရောက်ရောက်ချင်း ရိပ်သာလို အသုံးချလိုက်တယ် တရားတကြိမ် ထိုင်ပြီးသွားပြီလေ မနက်ဖြန် rehearsal စပြီဆိုတော့ ပုံတွေတင်ပေးပါမယ်နော် ကိုလူမင်း ရယ် ဇနီးမစပယ်ရယ် ကျမရယ် ကူညီပေးမယ့်ညီမငယ်၁ယောက်ရယ်ပဲ နေကြတာ အလုပ်မစခင်တော့ တိတ်ဆိတ်တဲ့ရိပ်သာလေးပါပဲ " ဆိုပြီး ပြောပြထားပါတယ်။ ခရီးစဉ်လေးမထွက်ခွာခင်မှာတော့ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေက သူတို့ကို လေဆိပ်အထိ လိုက်ပို့နှုတ်ဆက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒါ့အပြင် ထွန်းအိန္ဒြာဗိုလ်က movie shooting အတွက် San Francisco ကိုမှာ တစ်လကြာနေထိုင်ကြမှာဖြစ်ကြောင်းနဲ့ အကယ်ဒမီအမှီ ရန်ကုန်ပြန်ရမှာဖြစ်တာကြောင့် America က သူရဲ့သူငယ်ချင်းမိတ်ဆွေတွေကို နှုတ်ဆက်ဖို့မလာနိုင်တာ နားလည်ပေးဖို့လည်း ပြောကြားထားပါတယ်။ ရှုတင်မစခင်လေးမှာတော့ လူမင်းနဲ့ ချစ်ဇနီးတို့က သာယာလှပတဲ့ရှုခင်းတွေကို ဓာတ်ဖမ်းခဲ့ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းတို့ဇနီးမောင်နှံနဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

source:Mi Mi Khine & Ayarwady Lu Min;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။