ပရိတ်သတ်ကြီးရေ ယွန်းဝတီလွင်မိုးကတော့ အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ စတင်လှုပ်ရှားလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မင်းသားကြီး လွင်မိုးရဲ့ သမီးကြီးလေးလည်း ဖြစ်လို့ အဖေ့ရဲ့ အနုပညာသွေးတွေကတော့ အပြည့်စီးဆင်းနေပါတယ်နော်။ယွန်းဝတီလွင်မိုးက ကြော်ငြာလေးတွေရိုက် အလှဓာတ်ပုံလေးတွေရိုက်ရင်း ပရိတ်သတ်ရဲ့ရင်ထဲမှာ နေရာယူလာတဲ့အပြင် ပညာရေးကိုလည်း မလစ်ဟင်းအောင် ကြိုးကြိုးစားစား သင်ယူနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက ချစ်ရတဲ့သူနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ကာ သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားပါတယ်နော်။သားလေးရဲ့နာမည်ကို လွင်ထက်လေးလို့ အဓိပ္ပါယ်ရှိတဲ့ နာမည်လှလှလေးကို ပေးထားပြီး Liam လေးလို့လည်း ချစ်စဖွယ်ခေါ်ကြပါတယ်။လွင်ထက်လေးက အခုမှ ကလေးလေးပဲရှိသေးပေမယ့် လူချစ်လူခင်ပေါပြီး ချစ်စမွှေးကတော့ အများကြီးပါလို့ မြင်သမျှ တွေ့သမျှလူတိုင်းကချစ်တဲ့အပြင် ပရိတ်သတ်တွေကလည်း အမေကော သားကောပါအရမ်းချစ်ကြပါတယ်။

လွင်ထက်လေးက တီတီတာတာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေလည်း လုပ်တတ်နေပြီဖြစ်လို့ အရင်ကထက်တောင် ပိုချစ်စရာကောင်းသွားပါတယ်နော်။နှစ်ဖက် ဖိုးဖိုး ဖွားဖွားတွေရဲ့ အချစ်တော်လေးလည်း ဖြစ်တဲ့ လွင်ထက်လေးက အဖေ့ဘက်က ဖွားဖွားဆီရောက်တော့ အချော့ခံချင်လို့ ငိုမဲ့မဲ့ အမူအရာလေးတွေနဲ့ အသည်းယားအောင်လုပ်ပြနေတဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Tin Nwem Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။