Priyanka Chopra ဟာခုချိန်မှာ ကိုယ်ဝန်ဆောင်မဲ့ အခိုက်အတန့်ကို နောက်ဆုတ်ထားကာ ညစာစားပြီးနောက်မှာသွားရောက်ခဲ့ပါတယ်။ အသက် ၃၆နှစ်ရှိုပြီဖြစ်တဲ့ Priyanka ဟာ ကလေးရဖို့ စဉ်းစားထားပေမဲ့လဲ အတွင်းသမားတွေက သူမဟာအဲ့နေညမှာ အသောက်ပျော်နေခဲ့ပါတယ်။ သူမဟာအဲ့နေညမှာဆို ယောကျ်ားဖြစ်သူ Nick နဲ့အတူ Osteria Mozza ဆိုတဲ့ အီတလီက စားသောက်ဆိုင်တစ်ဆိုင်မှာရှိခဲ့ပါတယ်။

သတင်းသမားတွေကတော့ သူတို့နှစ်ယောက်ဟာ မိသားစုတစ်စုတည်ထောင်ဖို့ အတွက်မလောကြဘူးလို့ ပြောကြားပါတယ်။ သူတိ့နှစ်ယောက်ကိုကြည့်ရတာလဲ ပေါ့ပေါ့ပါးပါး ဘာကိုမှ အလျင်မလိုကြပါဘူး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ အိမ်ထောင်ကျတာကလဲ ခုမှ ၂လနဲ့တစ်ဝက်ပဲရှိပါသေးတယ်။ အာ့ကြောင့် ဘာကိုမှ အလောတကြီးမလုပ်ပဲ အရာအားလုံးကိုအေးဆေးတည်ငြိမ်စွာဖြတ်သန်းနေကြပါတယ်။

V Day နေ့မှာဆိုရင်လဲ နှစ်ယောက်ဟာ ပျော်ရွှင်ချစ်ကြည်နူးစွာ အလှဓာတ်ပုံတွေရိုက်ခဲ့ကြပါသေးတယ်။ ဇန်နဝါရိလထဲမှာဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဟန်နီးမွန်ကနေ LA ကိုပြန်လာခဲ့ကြပါတယ်။ သူတိုတွေဟာလဲ မင်္ဂလာဆော်ကိုတစ်ခါထက်မနည်းဆောင်သလို ဟန်နီမွန်းကိုလဲ တစ်ခါထက်မနည်း ထွက်ခဲ့ကြပါတယ်။ အဲ့လိုဟန်နီမွန်ထွက်ခဲ့တုန်းကလဲ သူမစိတ်တွေလှုပ်ရှားကြောင့်ပြောပြခဲ့ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။