ပရိသတ်ကြီးတို့ရဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ဆယ်လီစုံတွဲလေးတွေထဲမှာ သရုပ်ဆောင်မင်းသားချောလေး သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးကတော့ အမြဲအားကျကြည်နူးမှုလေးတွေအပြည့်နဲ့ လိုက်ဖက်လွန်းကြတဲ့ စုံတွဲလေးပါပဲ..။

တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ ချစ်ကြတဲ့ သူတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ(၁၄)ရက်ပဲ နှစ်ဖက်မိဘတွေနဲ့အတူ ကြည်ကြည်နူးနူးလေး စေ့စပ်ခဲ့ကြတာလည်းေ တွ့ရပါတယ်..။

ချစ်သူသက်တမ်း(၂)နှစ်ကျော်ပြီဖြစ်တဲ့ သူတို့စုံတွဲလေးကတော့ ဒီကေနေ့လေးမှာတော့ ချစ်သူများနေ့မတိုင်ခင် စေ့စပ်ကြောင်းလမ်းဖို့ လာရောက်တောင်းရမ်းခဲ့ကြတဲ့ ကြည်နူးပျော်ရွှင်စရာ ခံစားမှုလေးတွေအကြောင်းကိုလည်း ဆုဆုလေးက ပြောပြထားပါသေးတယ်..။

စိတ်လှုပ်ရှားမှုတွေနဲ့ ရင်ခုန်ကြည်နူးစရာ ခံစားမှုလေးတွေနဲ့အတူ လူကြီးမိဘတွေကို ဂါဝရပြုကန်တော့ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း အားကျလောက်အောင် ကြည်ကြည်နူးနူးလေး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

“ချစ်သူများနေ့မတိုင်ခင်က ဖြစ်ခဲ့တာလေးပေါ့

အစဉ်အလာအရ

သားရှင်ဘက်က သမီးရှင်ဘက်ကို

သွားရောက် စေ့စပ်ကြောင်းလမ်းကြတယ်

ဆုဆုအိမ် ရောက်တဲ့အချိန်မှာတော့

ဧည့်ခန်းမှာ ဆုဆု မိဘတွေနဲ့

မိတ်ဆွေတွေရှိနေကြတယ်.

ဆုဆုကတော့ အခန်းထဲကထွက်မလာသေးဘူး.

သူရိယကတော့ နှစ်ဘက်မိဘများ နှင့်

ဆွေမျိုး လူကြီးတွေကို မိတ်ဆက်ပေးပြီး

သူရိယရဲ့ဖေဖေနဲ့ ဆုဆုဖေဖေတို့

စကားစမြည်တွေပြောကြပြီး

မိတ်ဆွေတွေ လူကြီးတွေပါ

ရင်းရင်းနီးနီးဖြစ်သွားကြတယ်

နောက်မှ ဆုဆု က သူ့အခန်းထဲကနေ

ထွက်လာတယ် ( ပြုံးပြုံးလေးပေါ့ )

ဆုဆုရောက်တော့မှ

ချစ်သူလေးမျက်နှာ မြင်ရပြီဆိုတော့

စေ့စပ်ပွဲလေးလုပ်မယ့်နေရာတွေ

အစီအစဉ်လေးတွေပြောပြကြတယ်.

နှစ်ဘက်မိဘတွေနဲ့ လူကြီးတွေကို

ကန်တော့ပြီး ဆုံးမ သြဝါဒကိုခံယူကြတယ်.

ပရိသတ်တွေကိုပြောပြချင်တာက

သွားတောင်းတဲ့အချိန်လေးမှာ

သူရိယ နဲ့ ဆုဆုတို့မှာ ပျော်ရွှင်ရသလို

ရင်ခုန်မူလေးတွေ ကြည်နူးမူလေးတွေ

အများကြီးပေါ့..

ပရိသတ်တွေထဲမှာလဲ

အဲ့လိုခံစားမူမျိုးလေးတွေ ခံစားဖူးမှာပါ.

မရှိသေးတဲ့ ပရိသတ်တွေလဲ

တချိန်ချိန်မှာ ခံစားမိမှာပါ..” ဆိုပြီး ရေးသားပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတဲ့အောကာင်းလေးတွေကို Comment လေးတွေမှာ ရေးသားပြောပြထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo - Thu Riya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။