ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

၎င်းမီးလောင်မှုဟာ စစ်တကောင်းဆိပ်ကမ်းမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၎င်းမီးကြောင့် အိမ်ခြေ ၂၀၀ ကျော်လောက် မီးထဲပါသွားခဲ့ပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့ မီးသတ်အရာရှိတွေဟာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်တာကနေ မီးစတင်လောင်တာဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ၎င်းမီးကို အပြီးသတ်ထိန်းချုပ်ထားနိုင် ခဲ့ပြီဖြစ်တယ်လို့လည်းသိရပါတယ်။

၎င်းမီးလောင်မှုကြောင့်ဆိုရင်တော့ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ လူ ၈ ဦးလောက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လူအယောက် ၅၀ ကျော်လောက်ကလည်း မီးလောင်ဒဏ်ရာတွေနဲ့ အပျက်အစီးတွေနဲ့ ထိခိုက်မိတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

SOURCE-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။