Justin Bieber ဟာဆိုရင် ကျန်းမာရေးကနေ အခြေအနေပြန်ကောင်းလာအောင် အမြန်ဆုံးသူကိုသူ ကုသနေပါတယ်။ ခုဆိုရင်လဲ GYMတွေပြန်လည်ကစားနေခဲ့ပါတယ်....သူရဲ့မိန်းမဟာလဲ သူဆိကို လာခဲ့ပြီး ချစ်ကြည်နူးခဲ့ကြပါတယ်။ တနင်္ဂနွေနေ့မှာဆိုရင်တေ့ာ JB ဟာစိတ်ပြေလက်ပျောက်စကိတ်ပတ်စီးခဲ့ပါတယ်။ လူဆိုတာ နေမကောင်းဖြစ်ရင်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေရင်ပဲဖြစ်ဖြစ် ကြိုးစားရင် ဘာမဆိုပျောက်ကင်းပါတယ်....စိတ်အားငယ်ပြီး ကိုယ့်ကိုကို စိတ်မတင်းရင်တော့ ရောဂါဟာ ပိုပိုဆိုးဆိုးလာတက်ကြပါတယ်။

ခုဆိုရင်လဲ JB ဟာသူရဲ့ရင်နှီးတဲ့သူတွေနဲ့ သူ့မိန်းမရဲ့ အကူအညီတွေနဲ့အတူ သူကိုယ်တိုင်လဲ စိတ်အားထက်သန်စွာ ကြိုးစားကုသခဲ့ပါတယ်။ သူဟာအဲ့နေမှာဆိုရင် စကိတ်ကို ပေါ့ပေါ့ပါးပါးပဲ စီးခဲ့ကာ သူကိုသူစိတ်ကို လွှတ်ချထားပါတယ်။ စကိတ်ကို ပတ်စီးပြီးနောက်မှာတော့ သူဟာ သူရဲ့မိန်းမဖြစ်သူ Hailey ဆီသွားကာ စကိတ်ကိုသိမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ နေ့လည်စာစားဖို့အတွက် Date ခဲ့ကြတာဖြစ်ပါတယ်။ တော်တော်ချစ်ကြတဲ့ ချစ်သူတွေပဲနော်......။

နေ့လည်စာစားပြီးနောက်မှာတော့ သူတို့ဟာ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ JB ရဲ့စိတ်ဓာတ်ကျရောဂါဟာဆိုရင် သက်သာလာပေမဲ့လဲ ခုထိကုသနေရတုန်းပါ။ အာ့ကြောင့်ပဲ Hailey ဟာ JB နားမှာ အမြဲတမ်းရှိပေးကာ သူ့ကိုဂရုတစိုက်နဲ့ ကြည့်ရှူစောင့်ရှောက်ပေးနေပါတယ်။ တော်တော်ချစ်တဲ့ မိန်းမပဲနော်.....Hailey ဟာလဲသူကိုသူ ဘာမှမဟုတ်တာသိပေမဲ့ အတက်နိုင်ဆုံး JB ကိုကုသပေးနေတာပဲဖြစ်ပါတယ်။ JBရဲ့အခြေအနေအဆိုးဆုံးက အိပ်တဲ့ချိန်တွေပဲဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။