ချစ်ပရိတ်သတ်ကြီးရေ... အမိုက်စားသံစဉ် အလန်းစားသီဆိုမှုတွေနဲ့ ပရိတ်သတ်တွေရင်ထဲကို ဝင်ရောက်နေရာယူခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်လေးပိုပိုဟာ လက်ရှိမှာ ခရီးလေးတွေထွက်ဖြစ်နေပြီတော့ အနုပညာအလုပ်တွေကို ဆက်တိုက် ဇယ်ဆက်သလိုလုပ်ဖြစ်နေပါတယ်နော်။သူမဟာ ချစ်ဖူးခဲ့သမျှဆိုတဲ့ သီချင်းအခွေလေးနဲ့ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ပိုင်ဆိုင်ခဲ့ရသူလေးပါနော်။

မကြာသေးခင်ကမှလည်း သူမဟာ Masterpieceဆိုတဲ့သီချင်းခွေသစ်လေးကို ထွက်ရှိထားခဲ့ပါတယ်နော်။သူမရဲ့သီချင်းအတော်များများဟာ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသီချင်းမျိုးလေးတွေဖြစ်ပြီးတော့ အမိုက်စားသံစဉ်တွေနဲ့ ဖန်တီးပြီးပရိတ်သတ်တွေရဲ့လက်ထဲကိုထည့်ပေးခဲ့ပါတယ်နော်။ အခုတစ်ခါမှာလည်း မကြာခင်ရောက်ရှိလာတော့မယ့် သင်္ကြန်အတွက် သီချင်းအသစ်လေးကိုစောစောလေးလက်ထဲရောက်ရှိအောင်ကြိုးစားနေပါတယ်နော်။

အခု သူမဟာ အဆိုတော်သားသားရဲ့ studioလေးမှာသွားရောက်ပြီးတော့ " ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက် "လို့အမည်ရတဲ့ အမိုက်စား သီချင်းလေးကို Vocal Guideအနေနဲ့ Demoသွင်းခဲ့တာပဲဖြစ်ပါတယ်နော်။ သူမဟာ သီချင်းလေးကိုသင်္ကြန်အမှီအမြန်ရအောင်အတွက် သားသားကို နည်းမျိုးစုံနဲ့ အနိုင့်ကျင့်ပြီး Beatတီးခိုင်းနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့pageမှာကော လူမှုစာမျက်နှာပေါ်မှာမျှဝေခဲ့ပါတယ်နော်။ဒီပုံလေးတွေကြောင့် သူမရဲ့ပရိတ်သတ်တွေလည်း ပိုပိုကိုအသည်းယားပြီးတော့ အချစ်တွေပိုခဲ့ရပါတယ်။ ကဲ... သူမသားသားကိုဘယ်လိုအနိုင်ကျင့်နေလဲဆိုတာသိရအောင် ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။