ကြက်သွန်နီကတော့ သင့်တို့ရဲ့ နေ့စဉ်အစားအစာတွေမှာ ပါဝင်တဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ချို့တွေက ကြက်သွန်နီကထွက်လာတဲ့ အနံက လူကို မွှန်စေတာကြောင့် တစ်ချို့တွေကတော့ မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်သွန်နီမှာ ပါတဲ့ အစွမ်းတွေကတော့ သင်ကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် ကျန်းမာရေးအတွက် အများကြီး ကောင်းကျိုးပေးတယ်ဆိုတာကို ဆေးသိပ္ပံဖော်ပြချက်တွေအရ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် သင့်ရဲ့ ဟင်းတွေမှာ မပါမဖြစ် အသုံးပြုနေတဲ့ ကြက်သွန်နီရဲ့ ကောင်းကျိုးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်ခြင်း

ကြက်သွန်နီဟာဆိုရင် သင့်ခန္ဓာကိုယ်က ကယ်လိုရီဓာတ်တွေကို လျော့ချပေးနိုင်တဲ့ အပြင် ဗီတာမင်နဲ့ အခြား ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေတဲ့ ကြက်သွန်ဥတစ်မျိုး ဖြစ်ပါတယ်။

(၂) နှလုံးရောဂါကို ကာကွယ်ပေးခြင်း

ကြက်သွန်နီကို ပုံမှန်စားသုံးခြင်းက သင့်ကို နှလုံးရောဂါမဖြစ်ပွားနိုင်အောင် ကာကွယ်ပေးနိုင်တဲ့ အပြင် သွေးဖိအားကို မြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။


(၃) ကင်ဆာနဲ့ ဆီးချို သွေးချိုရောဂါတွေကို ကာကွယ်ပေးခြင်း

ကြက်သွန်နီမှာပါဝင်တဲ့ ရောင်ခြယ် ဓာတ်တစ်မျိုးဖြစ်တဲ့ Anthocyanins က ကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ ဆဲလ်တွေနဲ့ ဆီးချိုသွေးချိုရောဂါတွေကို မဖြစ်ပွားအောင် တားဆီးပေးနိုင်ပါတယ်။

(၄) သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း

ကြက်သွန်နီမှာဆိုရင် ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေတဲ့ ဓာတ်များစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပါဝင်ပါတယ်။

(၅) အရိုးအဆစ်တွေကို ကြံခိုင်စေခြင်း

ကြက်သွန်နီမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးအဆစ်တွေကို ကြံခိုင်စေတာကြောင့် ယခုအချိန်ကတည်းက ပုံမှန်စားသုံးမယ်ဆိုရင် သင့်ကို ကာကွယ်မှုတွေ အများကြီး ပေးနိုင်ပါတယ်

(၆) ရောဂါပိုးမွှားတွေကို သေစေနိုင်ခြင်း

လူခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တားဆီးပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပါဝင်တာကြောင့် တော်ရုံ ဘက်တီးရီးယား သာမက ကြောက်စရာကောင်းတဲ့ ပိုးမွှားတွေကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

(၇) အစာခြေ စနစ်ကို ကောင်းမွန်စေခြင်း

ကြက်သွန်နီမှာပါတဲ့ prebiotics သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်မှာရှိတဲ့ မလိုလားအပ်တဲ့ ပိုးမွှားတွေကို သေစေတာကြောင့် တကယ့်ကို အသုံးဝင်တဲ့ ဆေးတစ်လက်ပါ။

ဒါကြောင့် သင့်ရဲ့ ကျန်းမာရေးအတွက် တကယ့်ကို အထောက်အကူဖြစ်စေမယ့် ဆေးဖက်ဝင် အသီးအနှံတွေက သင့်ရဲ့ မီးဖိုချောင်ထဲမှာပဲရှိတာကြောင့် လက်တွေ့ကျကျ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။