ကမ္ဘာကြီး စတင်ဖြစ်ပေါ်လာစတုန်းက အလွန်ကို ပူပြင်းတဲ့ ဂြိုလ်တစ်လုံး ဖြစ်ခဲ့ပြီး နေနဲ့အတော်လေး အနီးကပ်ခဲ့တာ ကြောင့် နေ အနီးနားမှာ လွင့်နေတဲ့ ကျောက်စိုင်ကျောက်သားများရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရပါတယ်။ နောက်ပြီးသိုင်ယာဆိုတဲ့ ဂြိုဟ်သိမ်တစ်လုံးက ဝင်တိုက်ပြီး.လ ဖြစ်ပေါ်ကာ ကမ္ဘာကလည်း တိမ်းစောင်းသွားပါတယ်။ ကမ္ဘာတိမ်းစောင်းသွားပြီး.. ဥက္ကာခဲတွေ ကျရောက်မှု အနည်းငယ် သက်သာသွားချိန်မှာတော့ အပူချိန်ဟာ တဖြည်းဖြည်းချင်း လျော့ကျ လာပါတော့တယ်။

ဒီအပူချိန်တွေဟာ ရေဆူမှတ် (၁၀၀ ဒီဂရီ စင်တီဂရိတ် (သို့) ၂၁၂ ဒီဂရီ ဖာရင်ဟိုက်) အောက်သို့ ရောက်လာတဲ့အခါမှာတော့... “degassing” လို့ခေါ်တဲ့ ဓါတ်ငွေ့များ ပေါင်းစပ် အရည်ပျော်ပြီး မိုးအဖြစ် ရွာချပါတော့တယ်။ မီးတောင်များမှ ကာဗွန်ပါသော ဓါတ်ငွေ့များ၊ ကျောက်ရည်ပူများမှ ရေခိုးရေငွေ့များဟာ အေးလာသည်နှင့်အမျှ ရေခိုးရေငွေ့ မှ ရေအဖြစ်သို့ ပြောင်းလဲကာ ရာစုနှစ်များစွာ မိုးအဖြစ် ရွာသွန်းခဲ့ပါတယ်။ အဆိုပါ မိုးရေများဟာ.. ကမ္ဘာရဲ့ အနိမ့်ပိုင်းနေရာများသို့ တိုးဝင်စီးဆင်းသွားပြီး.. ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊အင်း၊ အိုင် တို့ ဖြစ်လာရပါတယ်။

ကမ္ဘာ့ဆွဲအားကြောင့် ရေများ လွတ်ထွက်မသွားပဲ ကမ္ဘာနှင့်အတူ လိုက်ပါ လှည့်ပတ် စီးဆင်းပါတယ်။ ပင်လယ်ထဲသို့ စီးဝင်တဲ့ မြစ် များဟာ မြေပြင်ပေါ်မှ ဆားဓါတ် (ပျော်ဝင် ကာဗွန်ဒိုင်အောက်ဆိုဒ်) ပါဝင်တဲ့ ကျောက်သားများကို တိုက်ချ စီးဆင်းသွားခြင်းမှ ပင်လယ်၊ သမုဒ္ဒရာ ရေငန် ကို ရရှိပါတယ်။ အဆိုပါရေများဟာ ရေငွေ့ပျံပြီး ကုန်းတွင်းပိုင်းမှာ မိုး အဖြစ် ပြန်လည်ရွာသွန်းခြင်းဖြင့်.. ရေချို မြစ်၊ ချောင်း၊ ကန် များကို ဖြစ်ပေါ်လာစေခဲ့ပါတယ်

Source : သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။