အကယ်ဒမီမရခဲ့ပေမယ့် ပရိသတ်တွေရဲ ့နှလုံးသားကို လှုံ ့ဆော်နိုင်အောင် ဆက်ကြိုးစားသွားမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆန်ကာတင် စာရင်းနဲ ့ထိုင်းအကယ်ဒမီ ဆန်ကာတင် စာရင်းမှာ

ပါဝင်ခဲ့ပေမယ့် အကယ်ဒမီဆုမရခဲ့ပါဘူး။

ဒါပေမယ့် စိုင်းစို်င်းကတော့ ဆန်ကာတင်စာရင်းမှာ ပါခဲ့တာနဲ ့တင် ချီးမြှောက်မှုတစ်ခုလို ့ခံယူထားသူဖြစ်ပါတယ်။

ဒီအကြောင်းနဲ ့ပတ်သက်ပြီး စိုင်းစို်င်းက အခုလိုပဲပြောပြထားပါတယ်။

စိုင်းစို်င်းအနေနဲ ့ရုပ်ရှင်ရိုက်တာလည်း ကြာနေပြီဖြစ်ပြီး ဂီတသမားတစ်ယောက်အနေနဲ ့ရုပ်ရှင်လောကမှာ အခက်အခဲအများကြီးရှိတယ်လို ့ဆိုပါတယ်။

ဒါကြောင့်မို ့ဆန်ကာတင်စာရင်းမှာပါဝင်တာနဲ ့တင် အင်မတန်ကို ချီးမြှောက်မှုတစ်ခုဖြစ်နေလို ့ပျော်ပါကြောင်း၊ ဒီထက်ပိုပြီးတော့ ကောင်းကောင်းမွန်မွန်

သရုပ်ဆောင်နို်င်အောင်နဲ ့ပရိသတ်တွေရဲ ့နှလုံးသားကို လှုံ ့ဆော်နို်င်အောင်လို ့ပိုကောင်းတဲ့ သရုပ်ဆောင်မှုတွေဆီကို စိုင်းစို်င်းအနေနဲ ့သွားရဦးမှာ

ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ မထိုက်တန်သေးလို ့မရသေးတာဟု ယူဆထားပြီး တစ်နေ ့နေ ့တစ်ချိန်ချိန််မှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး

အောင်မြင်အောင်ကြိုးစားပါမယ် လို ့လည်း ဆိုပါတယ်။

စိုင်းစို်င်းခမ်းလှိုင်ဟာ Bangkok to Mandalay ဇာတ်ကားနဲ ့ထိုင်းနို်င်ငံမှာ ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဧဒင်ရဲ ့နတ်သမီးဇာတ်ကားနဲ ့မြန်မာနို်င်ငံမှာ

ဆန်ကာတင်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ် ။

Source: Akonthi

Photo: Sai Sai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။