ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့FAဖလားပွဲစဉ်တစ်ခုမှာတော့မန်ယူအသင်းကချယ်လ်ဆီးအသင်းကိုအနိုင်ယူပြီးကွာတားဖိုင်နယ်ကိုရောက်ရှိသွားဖြစ်ပါတယ်။ဒီပွဲကိုတော့ချယ်လ်ဆီးအသင်းရဲ့အိမ်ကွင်းမှာကစားခဲ့တာဖြစ်ပြီးအဝေးကွင်းမှာ(၂-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

နှစ်သင်းလုံးကတော့လူစုံနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးအကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါ။ရလဒ်တွေဆိုးရွားနေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေတဲ့နည်းပြဆာရီရဲ့ချယ်လ်ဆီးအသင်းကတော့ဒီနေ့အရှုံးကြောင့်နည်းပြအပြောင်းအလဲတွေဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာမနှစ်ကFAဖလားချန်ပီယံဖြစ်တာကြောင့်မန်ယူအသင်းဟာခက်ခက်ခဲခဲကစားခဲ့ရတာပါ။ဆိုးရှားကလည်းအင်္ဂလန်ပြိုင်ပွဲတွေမှာသူ့ရဲ့စံချိန်ကောင်းတွေကိုဆက်ထိန်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။မကြည့်လိုက်ရတဲ့ပရိသတ်တွေအတွက်လည်းညကသွင်းဂိုး highlights video လေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။