မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ မနေ့က ဖေဖော်ဝါရီလ ၁၈ရက်နေ့ ညပိုင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြောက်စရာမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။      

အဆိုပါ မီးလောင်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံမှာလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၎င်းမီးလောင်မှုကတော့ မနေ့ကည ၇ နာရီ ၄၀မိနစ် အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မီးငြိမ်းယာဉ် Level 3 အဆင့်အထိသွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့ပြီး သေဆုံသူတွေပါရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

အဆိုပါ မီးလောင်မှုဖြစ်ပွားစဉ်မှာ ဘွိုင်လာအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် စက်ရုံရှိဝန်းထမ်းအချို့ ထိခိုက်မှုပြင်းပြင်းခဲ့ကြောင်း သိရပါတယ်။ ထိခိုက်သူတွေထဲမှ လူဦး စိုးရိမ်ရပြီး ရေနွေးအပူလောင်လူနာများလည်း ရှိခဲ့ကြောင်းသိရပါတယ်။ ဆိုဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ မနေ့ညက မီးလောင်မှုဗီဒီယိုဖိုင်နှင့် ပုံရိပ်လေးတွေကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - Myanmar Fire Services Department

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။