ချစ်ပရိတ်သတ်ကြီးရေ... သားစိုးဆိုတာနဲ့ နှစ်ခါပြောစရာမလိုလောက်အောင်ကိုပရိတ်သတ်ကြီးရင်းနှီးပြီးသားပါနော်။သူများနဲ့မတူဘဲ ထူးခြားပြီးမြူးကြွတဲ့ သံစဉ်တွေကို ဖန်တီးပြီးပရိတ်သတ်တွေရင်ထဲကို ပုံစံတစ်မျိုးနဲ့ဝင်ရောက်လာခဲ့သူပဲဖြစ်ပါတယ်နော်။သားစိုးဟာ Remixသံစဉ်တွေကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်ပြီးတော့ မြန်မာမှုကိုလည်းပျောက်မသွားအောင် ဖန်တီးနိုင်စွမ်းလည်းရှိပါတယ်နော်။

စီးပွားရေးလည်းအရှာကောင်းပြီး ဂီတပိုင်းမှာလည်း ထူးချွန်တဲ့ အဆိုတော်သားစိုးဟာ ရုံတင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ဂျင်းကောင်ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းဇာတ်ဝင်တေးကို သီဆိုပေးထားခဲ့ပါသေးတယ်။သူဟာ အခုအချိန်မှာ အရမ်းကိုပျော်ရွှင်စရာကောင်းပြီး ပရိတ်သတ်တွေကတောင် အားကျနေရတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားရတဲ့သူပါနော်။

အခုအချိန်မှာ သားစိုးတို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးထဲကို နောက်ထပ်ဝင်ရောက်လာတဲ့ သူလေးတစ်ယောက်လည်းရှိပါသေးတယ်နော်။ သားစိုးဟာ ဒီကနေ့ အင်္ဂါနေ့မနက်မှာပဲ ချစ်ဖို့ကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ခဲ့ပါတယ်နော်။ချစ်ဇနီးလေးက မိသားစုအပေါ်အရမ်းကိုချစ်ပြီးတာဝန် ကျေတဲ့ သားစိုးအတွက် လက်ဆောင်လေးပေးလိုက်တဲ့ပုံပါပဲနော်။ အရင်ကတော့ သားသားလေးတစ်ယောက်သာရှိခဲ့ပေမယ့် အခုတော့ သမီးလေးကပါတိုးလာတော့ နှစ်ယောက်စလုံးကိုချစ်မဝဖြစ်နေခဲ့ရပါတယ်နော်။ ကဲ...ဒီမီးမီးလေးလည်း မိဘတွေကို အကျိုးပြုနိုင်တဲ့သမီးကောင်းရတနာလေးတွေဖြစ်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်နော်။

Source : သားစိုး thxa soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။