လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံဟာချစ်သူဘဝထဲက ဒဂုံတက္ကသိုလ်ထဲမှာ " The Music " ဆိုတဲ့ဆိုင်လေးကို

ပူးပေါင်းဖွင့်ထားခဲ့ကြသူတွေပါ ... ဂီတကို ၀ါသနာပါတာချင်းလဲတူ အစားအသောက်လုပ်ငန်းကိုစိတ်ဝင်စားတာချင်းလဲတူတဲ့

သူတို့နှစ်ယောက်ဟာ လက်ထပ်ပြီးတော့လဲ စာအုပ်ဖတ်လို့ရတဲ့ ကော်ဖီဆိုင်လေးရယ် ကားရေဆေးဆိုင်လေးရယ် တွဲဖွင့်ထားတဲ့ Colour box ဆိုတဲ့ဆိုင်လေးကို မန်းလေးမှာထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြန်ပါတယ် ။

စိတ်တူကိုယ်တူနဲ့ လူတကာအားကျရလောက်အောင် ချစ်ကြတဲ့ဒီစုံတွဲလေးရဲ့ ရင်နှစ်သည်းချာ အမြွှာလေးတွေကတော့

သူတို့ရဲ့ Color Box ဆိုင်လေးကို လာလည်တဲ့ အငဲတို့မိသားစုလေးဘာတွေနဲ့ ဧည့်ခံလိုက်ပါလိမ့် !

ဖေဖေလင်းလင်းရေးထားတဲ့စာလေးကိုဖတ်ကြည့်ကြည့်ပါဦး ။

" Colour box ဆိုင်ကလေးသို့ ရောက်ရှိလာသော ဘိုးဘိုးငဲနှင့် ဘွားဘွားသီ မိသားစုအား ခေတ်လေးနှင့် သစ်လေးမှ ရေနွေးဘူဖေးနှင့် မွမွအခါတစ်သောင်း " တဲ့ ... တော်တော် နောက်တတ်တဲ့ လင်းလင်းပဲနော် ...

ဘယ်လိုပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းတဲ့အမြွှာလေးနှစ်ယောက်ကိုမြင်လိုက်ထဲက ကိုအငဲတို့မိသားစုအမောပြေပြီး ဧည့်ဝတ်ကျေပြီးသားဖြစ်မှာအမှန်ပါပဲ ...

Source : Lin Lin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။