နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားလာခဲ့တဲ့ မင်းသားချောလေး ခါရာကတော့ MRTV-4 ရဲ့ တက်သစ်စမင်းသားတစ်ယောက်ဖြစ်တဲ့ အပြင် အချိန်တို အတွင်းမှာပဲ အောင်မြင်မှုတွေများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ စမတ်ကြပြီး ယောကျာ်းပီသတဲ့ ခန္ဓာကိုယ် အပြင် နိုင်ငံခြားမင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် တကယ့်ကို မိုက်တဲ့ မင်းသားတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေး ပရိသတ်အများစုက အရမ်းကို သဘောကျအားပေးရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

မြန်မာဇာတ်လမ်းတွဲတွေကနေ တဆင့် ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ အမိုက်စား အက်ရှင် သရုပ်ဆောင်မှုတွေကြောင့် အချိန်တို အတွင်းမှာပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနိုင်ခဲ့ပြီး တကယ့်ကို အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ယခုဆိုရင် အမိုက်စား အက်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ မြို့ပြမုဆိုး ဇာတ်ကား ကြီးကိုလည်း ပရိသတ်တွေ ကြည့်ရူခံစားကြရမယ့် အပြင် ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ယခုနှစ် အကယ်ဒမီပေးပွဲမှာ ခါရာရဲ့ ပရိသတ်တွေ ပိုပြီး ရင်ခုန်ရတော့မှာပါ။

မကြာသေးမီမှာ ရုပ်ရှင် သရုပ်ဆောင်တိုင်းရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကလည်း ကျင်းပတော့မှာဖြစ်သလို ယခုဆို စံကားတင် ဇာတ်ကား (၂၄) ကားကိုလည်း ထုတ်ပြန် ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ (၂၄) ကားထဲမှာ မြန်မာနိူင်ငံရဲ့ ပထမဦးဆုံး လူငယ်တွေဦးဆောင် ဖန်တီးခဲ့တဲ့ Sci-Fi Action ကား တစ်ကားဖြစ်တဲ့ " မျက်နှာပြင်များ " ရုပ်ရှင်ဇာတ်ကားက စံကားတင်စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကြီးမှာ ဆိုရင် ခါရာရဲ့ အမိုက်စား အက်ရှင်သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေမြင်တွေ့ခံစားရမှာဖြစ်လို့ ဒီနှစ် အကယ်ဒမီအတွက်တော့ တကယ်ကို ရင်ခုန်နှုန်းတွေ မြန်နေပါတယ် ဆိုပြီး အဖွဲ့ ရဲ့ ကြိုးစားခဲ့ပုံလေးတွေကို မြင်တွေ့ရမှာပါ။

Source: Khar Ra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။