ပရိသတ်ကြီးကို ဒီတစ်ခါ ထူးထူးဆန်းဆန်းဖော်ပြပေးချင်တာကတော့ ယနေ့အချိန်အထိ လူတွေ ရဲ့ပါးစပ်ဖျားမှာ အပြောများနေဆဲ ဖြစ်တဲ့ ဂြိုလ်သားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ကို အချို့ကလည်း အခြားကမ္ဘာက ဧည့်သာည်များလို့ ခေါ်ကြသလို အချို့ကလည်း တစ်ကယ်မရှိဘူးလို့ ယူဆထားကြပါတယ်။ ဒါပေမယ့်လည်း တစတစ ထွက်ပေါ်ခဲ့တဲ့ ပုံရိပ်တွေ အရ သူတို့ဟာ အမှန်တစ်ကယ်တည်ရှိနေတဲ့ အရာဆိုပီး အတော်များများက လက်ခံလာခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အစစ်အမှန်ပုံရိပ်တွေထက် ကွန်ပျူတာနဲ့ပြုပြင်ထားတဲ့ ပုံရိပ်အတု တွေ ကသာ ပိုများနေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်မှာ တည်ဆောက်ထားတဲ့ ဧရိယာ 51 မှာ ဂြိုလ်သားတွေရှိနေတယ်ဆိုပီး ကောလဟာလတွေ ထွက်နေကြတာလည်း ဖြစ်ပါတယ်။ ဟိုးအရင်က လူသားတွေ ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းတွေ ၊ အဆောက်အဦးတွေမှာလည်း ဂြိုလ်သားတွေလို့ ယူဆလို့ရတဲ့ ပန်းချီမျိုးတွေ ရေးဆွဲထားကြတာကိုလည်းတွေ့ရပါတယ်။

ဒီဘက်ခေတ် မှာလည်း ဂြိုလ်သားတွေ ဖမ်းခေါ် သွားတာခံရပီးမှ ပြန်လွတ်လာတဲ့ လူတွေ ရဲ့အကြောင်းကိုလည်း တွေ့လိုက်ရပါသေးတယ်။ တစ်ကယ်အဖမ်းခံရတာလား၊ လုပ်ကြံပြောဆိုတာလားဆိုတာကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာပါ။ ဒါပေမယ့်လည်း ဂြိုလ်သားတွေနဲ့ပတ်သတ်ပြီး ပညာရှင် အချင်းချင်း ယနေ့အချိန်အထိ အပြိုင်ဆိုင်ငြင်းခုံနေကြပြီး သူတို့တွေတစ်ကယ်ရှိလားဆိုတာကတော့ ယနေ့အချိန်အထိ အတိအကျ ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး....

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။