ဒီနေ့ည Myanmar Idol Grand Final ပြိုင်ပွဲကြီးမှာ Winner ဘယ်သူဖြစ်မလဲဆိုတာ အားလုံးပဲ သိချင်ကြနေပြီထင်ပါတယ်။

အဆိုပြိုင်ပွဲတွေထဲမှာ တစ်နိုင်ငံလုံးရဲ့ အားပေးမှုကို ရရှိထားတဲ့ ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်တွေကိုလည်း အပြိုင်အဆိုင် အားပေးလာကြပါတယ်။

ပရိသတ်တွေထဲမှာ အနုပညာရှင်တွေကလည်း သူတို့ကြိုက်နှစ်သက်အားပေးတဲ့သူတွေကို ထုတ်ဖော်ပြောထားကြပါတယ်။

အဆိုတော်ကော်နီကတော့ Myanmar Idol နဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင် သားငယ် နဲ့ ဘီလီနှစ်ယောက်လုံးကို သဘောကျပေမယ့် သားငယ်ကိုတော့ ရစေချင်တဲ့ပုံပါပဲ။

“ ?ဒီနေ့,, မြန်မာပြည်ရဲ့ပရိတ်သတ်စိတ်အဝင်စားဆုံးက, ဒီည, Myanmar Idol, မှာ,, သားငယ်နဲ့, Billy,,တို့နှစ်ယောက်မှာ, ဘယ်သူ, Winner, ဖြစ်မှာလဲဆိုတာကို, စိတ်ဝင်စားနေကြပြီဟုတ်??? မကော်အတွေးလေးပေါ့နော်,, Billy,,ကအဆိုကောင်း, ရုပ်ချော, ပညာတတ်,, အသံ၏ကောင်းခြင်းလဲရှိပါတယ်,, ဒါ့ကြောင့်, Billy,အဆိုကောင်းတာကို

ကြိုက်နှစ်သက်ပါတယ်,, သားငယ်,လေးကတော့,, အနုပညာမှာ,, ပါရမီရှင်လေးပါ,, 

မျက်နှာမြင်ချစ်ခင်ပါစေ, ဆိုတဲ့ကံတရားလေးကသူ့ဘက်မှာရှိနေပါတယ်,, ပရိတ်သတ်ချစ်လာဖို့ဆိုတာ, လုပ်ယူလို့မရပါဘူး,, ဒီတော့ကာ,,, အင်း,, Billy, သီချင်းဆိုတာကိုသိတ်ကြိုက်ပါတယ်,, Winner,,ဆိုရင်တော့, သားငယ်ကိုဘဲရစေချင်ပါတယ်,,( ဒီခလေးကြီးကိုတော့,အသနားပိုမိပါတယ်),, ကဲဗျာ,ကံစီမံရာပေါ့နော်,, သွားမကြည့်ရဲလို့, အိမ်ကဘဲအားပေးပါမယ်,, ? ? ? ? ?”” လို့ သူမရဲ့ ဖေ့ဘုတ်မှာ ရေးသားထားတာပါ။

ဒါ့ကြောင့် ၀ါရင့်အဆိုတော်ကော်နီကလည်း ဒီနေ့ညပြိုင်ပွဲကို အိမ်ကနေပဲ အားပေးမှာဖြစ်ကြောင်း နဲ့ သားငယ်ကိုပဲ Myanmar Idol Winner ဖြစ်စေချင်တဲ့အကြောင်း အခုလို ပြောသွားပါတယ်။ 

ပရိသတ်ကြီးရော ဘယ်သူ့ကို အားပေးမှာလဲဗျို ့။ 

သတင်းအရင်းမြစ် Tun Connie FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။