ဆုကြေးငွေ သန်း ၂၀ နဲ ့အတူ Ford ကားအသစ်တစ်စီးကို ရရှိမယ့် Myanmar Idol Winner ကဘယ်သူဖြစ်မလဲ

ပရိသတ်ကြီးရေ ဒီနေ ့ည ၇ နာရီမှာတော့ Myanmar Idol Season 2 ရဲ ့Grand Final ပြိုင်ပွဲကြီးကို ကျင်းပတော့မှာဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း နောက်ဆုံးပြိုင်ပွဲဝင် နှစ်ဦးဖြစ်တဲ့ သားငယနဲ ့ဘီလီလမင်းအေးတို ့လိုပဲ ရင်ခုန်နေကြမှာပါနော် ။

ပြိုင်ပွဲဝင်သားငယ်ဟာ သီချင်းတိုင်းကို ပိုင်နိုင်စွာသီဆိုနိုင်သူဖြစ်ပြီး တစ်ခါမှ Bottom 3 မှာ မထိုင်ရသူဖြစ်ပါတယ်။

ခက်ခဲတဲ့သီချင်းကိုလည်း သီဆိုနို်င်ပြီး performance လုပ်တဲ့အခါမှာလည်း ချစ်ဖို ့ကောင်းတဲ့အတွက် ပရိသတ်တော်တော်များများရဲ ့အားပေးမှုကို ရရှိထားသူပါ။

ပြိုင်ပွဲဝင်ဘီလီဟာဆိုရင်လည်း Top 5 ကစလို ့ဝေဖန်မှုများစွာကြုံနေရတဲ့ကြားထဲမှာ သီချင်းတွေကို အကောင်းဆုံးအနေအထားနဲ ့Final အဆင့်ရောက်တဲ့

ထိအောင် ဆိုပြလာနို်င်သူရယ်လို ့ပရိသတ်တွေက ချီးကျူးထားပါတယ် ။

ပရိသတ်အခိုင်အမာကိုယ်စီရှိထားကြတဲ့ သားငယ်နဲ ့ဘီလီလမင်းအေးတို ့ရဲ ့အကြိတ်အနယ်သီဆိုယှဉ်ပြိုင်မှုကိုတော့ ဒီနေ ့ည ၇ နာရီမှာ စောင့်မျှော်ကြည့်ရှု ့ရတော့မှာဖြစ်ပါတယ်။

Source: Local Media

Photo: Myanmar Idol fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။