ပစ္စည်းတစ်ခုက တစ်နေရာမှာ ထားပြီး ဟိုဘက် အလှည့်မှာ ဘယ်နားထားလိုက်မိမှန်းမသိ မေ့သွားတာမျိုးတွေ အကုန်လုံး ဖြစ်ဖူးကြမှာပါ။ ခဏ ခဏမေ့တတ်တဲ့ အကျင့်က လူတစ်ယောက်မှာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် လိုတာထက် ပိုပြီး မေ့တတ်လာပြီ ဆိုရင်တော့ သင့်ကိုယ်သင်ပြန်ပြီးတော့ စမ်းစစ်သင့်ပါတယ်။ မေ့တတ်တာက အသက်အရွယ်ကြောင့်နဲ့လည်း ဆိုင်သလို ငယ်ရွယ်တဲ့ သူတွေမှာဆိုရင် စိတ်ဖိစီးမှုတွေ မှတ်သားရတဲ့ အရာတွေများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည် ကို ပိုပြီးတော့ ကောင်းလာအောင် ကုစားနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း (၄) ခုကို ပြန်လည် မျှဝေပေးထားပါတယ်။

(၁) အပိုင်းအစအသေးလေးတွေကို မှတ်သားခြင်း

ဒီနည်းလမ်းလေးက သင့်ရဲ့ တစ်နေ့တာ လုပ်ရမှာတွေကို ပြန်မကြည့်ပဲ နဲ့ အမှတ်ရနေအောင်လေ့ကျင့်ယူတဲ့ နည်းလမ်းပါ။ ဥပမာ သင်ဈေးဝယ်ထွက်တဲ့ အခါ ဝယ်စရာရှိတဲ့ ပစ္စည်း စာရင်းတွေကို စာရွက်ပေါ်မှာ ချရေးမှတ်တာမျိုး မဟုတ်ဘဲ ဦးနှောက်ထဲမှာ အချိန်တစ်ခု ထိ ခဏအလွှတ်မှတ်ယူထားခိုင်းတာမျိုးပါ။ ဒီလိုမျိုး မှတ်သားတာကို အလေ့အကျင့် များလာတဲ့အခါ မှတ်ဉာဏ်အတိုလေးတွေက အချိန်အတော်ကြာအောင် သင့်ဦးနှောက်မှာ ထိန်းသိမ်းပေးထားနိုင်လာပါလိမ့်မယ်။

(၂) စိတ်ကူးသစ်တွေကို ဖန်တီးပါ

သင့်ရဲ့ မှတ်ဉာဏ်တွေမှာ အရမ်းကို အသုံးဝင်တဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေပါပါတယ်။ ဒီမှတ်ဉာဏ်တွေကို အကောင်းဆုံး အသုံးချပြီး သင်စိတ်ကူးလိုက်တဲ့ အရာတစ်ခုခု ကို သင်ကိုယ်တိုင် ဖန်တီးကြည့်ပါ။ သင့်စိတ်ကူးထဲမှာ ခုံတစ်လုံးကို ဆောက်ချင်တယ် ဆိုရင် ချက်ချင်းထပြီး လုပ်လိုက်ပါ။ ထိုအရာက သင့်ရဲ့ စိတ်ကိုလည်း ပျော်ရွှင်စေနိုင်သလို မှတ်ဉာဏ်တွေကိုလည်း သိသိသာသာ တိုးတက်လာစေမှာပါ။

(၃) ပုံရိပ်ယောင်တစ်ခုကို ဖန်တီးထားပါ။

သင့်က အမြဲ မေ့တတ်တဲ့ သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာလေးတွေကို ဓာတ်ပုံ ရိုက်ထားလို့ရပါတယ်။ သင်မေ့သွားတဲ့ ခဏမှာ ဓာတ်ပုံကို ကြည့်လိုက်တာနဲ့ ချက်ချင်း ပြန်မှတ်မိနိုင်တာကြောင့် ဒါက တကယ့်ကို အသုံးဝင်ပါတယ်။ ဥပမာ သင်က ဘာသာစကားတစ်ခုကို သင်ကြားနေရင်း စကားလုံးအသစ်တွေကို မှတ်ရခက်နေခဲ့မယ်ဆိုရင် သူနဲ့ အသံထွက်တူတဲ့ စကားလုံးတွေကို ရှာပြီး မှတ်ထားတာမျိုးဖြစ်ပါတယ်။ ဒီနည်းလမ်းက သင့်ရဲ့ ကြာရှည်မှတ်ဉာဏ်နဲ့ ခဏတာ မှတ်ဉာဏ်တွေကို ပိုပြီး ကောင်းမွန်လာစေပါတယ်။

(၄) ဗီတာမင် B12 ဓာတ်ကို ပြည့်ဝအောင် ဖြည့်ပါ။

အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေလုပ်လို့မှ အဆင်မပြေရင်တော့ သင့်မှာ ဗီတာမင် B ဓာတ်ချို့တဲ့ မှု ဖြစ်ပွားနေတာပါ။ ဒါကြောင့် ဗီတာမင် ဓာတ်ပြည့်ဝတဲ့ ကြက်ဥ၊ ချိစ်နဲ့ အခြား အခွံမာ သတ္တဝါတွေကို စားပေးခြင်းဖြင့် ဗီတာမင် B ဓာတ်ကို ပြန်လည် ဖြည့်တင်းလို့ရပါတယ်။

မှတ်ဉာဏ်စွမ်းရည်တွေ ပိုမိုကောင်းမွန်ပြီး ကောင်းမွန်တဲ့ လူမှုဘဝလေးကို ပိုင်ဆိုင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source:

health.harvard.edu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။