လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက်က လားရှိုးမြို့နယ် ကောင်းကြဲ(အီ)ကျေးရွာအုပ်စု ဖာလန်းကျေးရွာ လမ်းမပေါ်တွင် တူးနန်မောင်းနှင်သည့် မော်တော်ယာဉ်ကို ရှာဖွေရာ ရောင်စုံ ဆပ်ပြာခွက် ၆၁ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ရ၄၉ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ရ၄၁ဝဝ တို့ကိုလည်းကောင်း။

အလားတူ မတ် ၂၃ ရက်က မိုးမိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ် ဘော်ဒေကျေးရွာနေ ဝင်းလှိုင်၏ နေအိမ်အားရှာဖွေရာ ၎င်းအားနေအိမ်တွင် မတွေ့ရှိဘဲ ၎င်း၏သားဖြစ်သူ ထွန်းလင်းနိုင်အား တွေ့ရှိ ရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၉၈ ပြား သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

credit - ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။