ပရိသတ်တွေရင်ထဲက အကယ်ဒမီဆုရသူကြီးလို့ တင်စားခံရတဲ့ မင်းသား မြင့်မြတ်ကတော့ အခုရက်ပိုင်းအတွင်းမှာ ငဒူ ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

လက်တလောမှာတော့ အကယ်ဒမီပွဲနေ့မတိုင်ခင်က မြင့်မြတ်ကို မန္တလေးက သူ့ပရိသတ်တစ်ဦးက နံရံမှာ ရေးဆွဲပေးထားတဲ့ ဂရက်ဖ်တီ ပုံတူတွေပြတ်သွားလို့ မြင့်မြတ်လည်း စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ။

မလိုသူတစ်ဦးတစ်ယောက် ဖျက်လိုဖျက်စီးလုပ်ခဲ့လားမသိပေမယ့် မြင့်မြတ်ကတော့ သူ့ရဲ့ ပရိသတ်စိတ်မကောင်းဖြစ်မှာစိုးလို့ ဖေ့ဘုတ်မှာ တင်ထားခဲ့တဲ့ပုံဟောင်းလေးတွေနဲ့ အခုလိုပဲ အားပေးနှစ်သိမ့်စကားပြောထားပါတယ်။ 

“MC Prince ညီလေးကိုထပ်ပြီးကျေးဇူးတင်ပါတယ်

ပုံပျက်သွားပေမဲ့ ငါ့ညီပုံလေးကို အကိုအမြဲအမှတ်ရနေမှာပါ

ဒီထက်မက အောင်မြင်သောအနုပညာရှင်ဖြစ်ပါစေ

(ဒီလိုပဲ ညီရေ တစ်ခါတစ်လေကျ မနာလိုဖျက်စီးသူတွေပေါ်လာစမြဲဘဲ ခံနိုင်ရည်ရှိအောင်ကြိုးစားပါ တစ်နေ့ အောင်မြင်တဲ့သူဖြစ်စေရမယ်”

မြန်မာလူမျိုးတစ်ချို့မှာ ကိုယ်မလုပ်နိုင်တာကို သူတစ်ပါးလုပ်နိုင်တော့ မနာလိုစိတ်ဝင်ပြီး ဖျက်လိုဖျက်စီးလုပ်တတ်ကြတဲ့ စိတ်ဓာတ်တွေပြင်သင့်နေပါပြီ။

ရိုးသားပြီး မာန်မာနမရှိတဲ့ မြင့်မြတ်ကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေအပေါ်မှာ အပြန်အလှန် လေးစားတန်ဖိုးထားတဲ့အကြောင်းကို သက်သေပြသွားသလိုပါပဲ။  

သတင်းအရင်းမြစ် Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။