က​လေးမြို့တွင်​ ​နေ့လည်​ ၂ နာရီ​ကျော်​အချိန်​တွင်​ ​ရာသီဥတုရုတ်​တရက်​ဆိုးရွားလာပြီး ​လေပြင်​းများတိုက်​ခတ်​ပြီး မိုးများလည်​းရွာကျလာ​သော​ကြောင်​့ သစ်​ပင်​များလည်​းလဲကျခဲ့ခြင်​းများ အမြစ်​မှကျွတ်​ထွက်​ခြင်​းများ ​ရေစင်​ကြီးမျာပြိုကျခြင်​းများဖြစ်​ပွားခဲ့​ကြောင်​းသိရပါသည်​

ခရိုင်​လဝကရုံးအတွင်​းရှိသက်​တမ်​းရှည်​ ယူကလစ်​ပင်​ကြီးလဲကျပြီး လျှပ်​စစ်​ဓာတ်​ကြိုး​ပေါ်ကျသဖြင်​့ ဓာတ်​တိုင်​များပါလဲကျ ဓာတ်​ကြိုးများလည်​းပြတ်​​တောက်​ခဲ့ရပါသည်​ ​ဆေးရုံအတွင်​းရှိယာယီစက်​ဘီးစတန်​း​ခေါင်​မိုးများလည်​းပြိုကျပျက်​စီးခဲ့ပါသည်​

မြန်​မာ့​လေ​ကြောင်​း​လေဆိပ်​အ​ဆောက်​အဦးတွင်​ ​ခေါင်​မိုးများပြင်​ဆင်​ရန်​ခွာချထားချိန်​ဖြစ်​​သော​ကြောင်​့ ဒိုင်​းများလဲကျပြီး မျက်​နှာကျက်​​ပေါ်လဲကျခဲ့သဖြင်​့မျက်​နှာကျက်​​ကျောက်​ပြားများ​လေယာဉ်​​စောင်​့ဆိုင်​း​နေ​သောခရီးသည်​များထဲမှနိုင်​ငံခြားသားခရီးသည်​၏​ခေါင်​း​ပေါ်ပြုတ်​ကျခဲ့ရာ ကံအား​လျှော်​စွာ ​ခေါင်​းထိခိုက်​မှုမဖြစ်​ခဲ့သဖြင်​့ အ​တော်​​ခေါင်​းမာ​သောနိုင်​ငံခြားသားဟု အဆိုးထဲမှအ​ကောင်​းရီစရာဖြစ်​ခဲ့ကြပါသည်​

ဘုရင်​မဆိုင်​​ရှေ့ရှိ ဘန်​ဒါပင်​မှာလည်​း လမ်​းမ​ပေါ်လဲကျခဲ့ပါသည်​ လမ်​းမ​ပေါ်တွင်​လည်​း သစ်​ကိုင်​းများအမှိုက်​များဖြင်​့ ပြည်​့သွားခဲ့​သော​ကြောင်​့စည်​ပင်​များအလှုပ်​ရှုတ်​သွားခဲ့ပါသည်​

​လေပြင်​းတိုက်​ခတ်​ချိန်​တွင်​ ယမန်​​နေ့ကကွယ်​လွန်​ခဲ့​သောကိုမင်​း​အောင်​ နာ​ရေးလိုက်​ပို့​နေချိန်​ဖြစ်​​သော​ကြောင်​့ နာ​ရေးပို့​သောကားများမြို့သာရွာထဲတွင်​ရာသီဥတု​ကောင်​းချိန်​အထိ​ခေတ္တ​စောင်​့ဆိုင်​းခဲ့ကြရပြီး မှသာဆက်​လက်​ပို​့ဆောင်​ခဲ့ကြရပြီးမြို့သာရွာထဲရှိသစ်​ပင်​များသစ်​ကိုင်​းကျိုးကျခြင်​းများရှိခဲ့သလို ကံပုလဲသချင်္ိုင်​းအတွင်​းရှိကုက္ကိုပင်​ကြီးများမှ ကိုင်​းကြီးများလည်​းကျိုးပဲ့ကျခဲ့ပါသည်​

​လေပြင်​းမှာနာရီဝက်​ခန်​့တိုက်​ခဲ့ပြီးမိုးအနည်​းငယ်​ရွာသွန်​းခဲ့ကာ လူအထိအခိုက်​မရှိခဲ့​ကြောင်​းသိရပါသည်​

​လေတိုက်​တာနှင်​့စာလျှင်​ ကံ​ကောင်​းခဲ့ပါသည်​

Credit - ကလေးမီဒီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။