ခွေးက သခင်ကို ပြန်သတ်လိုက်မိသလို ဖြစ်သွားတဲ့ ယာဉ်တိုက်မှု

လူရော ခွေးပါ ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ဒေါင်ဇရပ် နီလာရွှေစင် ဆီဆိုင်အကျော်က ကားနဲ့ဆိုင်ကယ်တိုက်မှု့

၂၅.၃.၂၀၁၇ နေ့ခင်း (၁၀:၅၀)အချိန်ခန့် မော်လမြိုင်မြို့ ဒေါင်ဇရပ် မနီလာဆီဆိုင်အကျော် ကျိုက်ခမီလမ်းမကြီးပေါ် ထော်လာဂျီနှင့် ဆိုင်ကယ် တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ်မှ ခွေးရော လူပါ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ဆိုင်ကယ်သမား ခွေးပိုင်ရှင်က ဆိုင်ကယ်ပေါ် ခွေးကိုတင်လာရာ ခွေးမှ လန့်ပြီး ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းသဖြင့် ၄င်းခွေးအား ဆိုင်ကယ်မှ ပြန်တိုoက်မိကာ ကားလမ်းကြောထဲသို့ ဆိုင်ကယ် ဝင်သွားခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်သမား ခွေးပိုင်ရှင်ရော ၄င်း၏ ခွေးပါ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှ သေဆုံးသူ၏ DB အား မော်လမြိုင် လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့ဝင်များမှ တောင်ပေါ်လမ်းလျှောက် နာရေးကူညီမှုအသင်း ကားဖြင့် သွားရောက် သယ်ဆောင်ပေးကာ ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ အရောက် ပို့ဆောင်ကူညီ ပေးခဲ့ပါသည်ဟု Zin Moe fb account ပိုင်ရှင်က ဝေမျှထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။