Myanmar Idol Season 2 ကတော့ အောင်မြင်စွာပဲပြီးဆုံးသွားခဲ့ပါပြီ ။

အောင်နိုင်သူကတော့ ပါရမီရှင် ကြယ်ငါးပွင့်သဘောင်္ကြီး ကိုသားငယ်ပါပဲ ။

သားငယ်ကို ပြိုင်ပွဲထိလာရောက်အားပေးတဲ့ နေတိုး၊ထွန်းထွန်း တို့ အပြင် အခြားအနုပညာရှင်များစွာရှိခဲ့တာပါ ။

အိမ်ကနေ အားပေးနေတဲ့ အနုပညာရှင်တွေ ပရိတ်သတ်တွေလဲ တစ်ပုံကြီးပါပဲ ။

အားလုံးရဲ့ အချစ်တော် ကိုသားငယ်ကတော့ ဆုကြေးငွေ သန်း ၂၀ ၊ Pantene နဲ့ ရွှေသံလွင်ကချီးမြင့်တဲ့

ဆုကြေးငွေ သိန်း ၁၀၀ ဆီ ၊ MPT ရှယ်ပြော တစ်သန်းဆုဂဏန်းအလှဖုန်းကဒ် ၊ huawai GR 5 နှင့်

ရွှေဒဂါင်္း ၊ သံလွင်စတားစီးတီးမှာ သုံးလနေထိုင်ခွင့် ၊ မေဘယ်လင်းအလှကုန်များ ၊ ကားတစ်စီး အစရှိတဲ့ ဆုများစွာနှင့်အတူ

Solo Album ထွက်ခွင့်ကိုပါ ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါပြီ ။ ပဲကြော်ဆိုင်လေးကနေ နာမည်ကျော်

အဆိုတော်တစ်ယောက်ပေါ်ထွန်းခဲ့ပါပြီ ။

ဇွဲမလျော့ဘဲကြိုးစားသူတိုင်းအတွက် အခွင့်အလမ်းရှိတယ်ဆိုတာ သားငယ်ကလမ်းပြပေးလိုက်တာပါ ...

ကျေးဇူးတင်စကားပြောကြားရာမှာတော့ ဇာတိကနေမစားမသောက်ဘဲ Vote ပေးခဲ့တဲ့ ပရိတ်သတ်တွေကို

ကျေးဇူးအထူးတင်ကြောင်းပြောကြားတဲ့ သားငယ်ရဲ့ မျက်ဝန်းတွေမှာတော့ မျက်ရည်တွေ တွဲလဲခိုလို့ပါ ...

ဒီမျက်ရည်တွေနဲ့အတူ ပရိတ်သတ်တွေ အတွက်ပါ တာဝန်ကျေနိုင်ခဲ့တဲ့ ညတစ်ညပဲဖြစ်ပါတယ် ။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။