ကလပ်သွားဖို့အတွက် ခုနှစ်နှစ်အရွယ်ကလေးကို တစ်ယောက်တည်း ဟိုတယ်ခန်းထဲ ထားခဲ့တဲ့အမေ အဖမ်းခံရ

အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ Eleanor Jones က ခုနှစ်အရွယ်ကလေးကို ဟိုတယ်ခန်းထဲ တစ်ယောက်တည်းထားခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။ သူက အပြင်ထွက်တဲ့ ဓာတ်ပုံတွေတင်ခဲ့ပြီး သူမသားနဲ့သူနဲ့ပုံကိုလည်း တင်ခဲ့ပါတယ်။ ကလေးကအခန်းထဲမှာ ငိုနေတာကို ဟိုတယ်ဝန်ထမ်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အရင်အပတ်အင်္ဂါနေ့က သူမကိုတရားရုံးမှာစစ်ခဲ့ပြီး ထောင်ကျခံရဖို့ နည်းနည်းဘဲ လိုပါတော့တယ်။ နောက်တစ်ခါဒီလိုကိစ္စထပ်ဖြစ်ရင်တော့ ထောင်ထဲဝင်ရမှာဖြစ်တယ်လို့ တရားရုံးကပြောခဲ့ပါတယ်။ ဟိုတယ်ဝန်ထမ်းက ကလေးကိုအခန်းထဲ တွေ့စဉ်က ကလေးကတစ်ယောက်တည်း ကြောက်ရွံ့နေတဲ့ အတွက် ရဲကိုခေါ်ခဲ့ပါတယ်။ ကလေးကအမေနဲ့ Majorca ကို အားလပ်ရက် အပန်းဖြေလာတာဖြစ်တယ်လို့ ပြောခဲ့ပြီး တစ်ယောက်တည်း အခန်းတည်းကျန်ခဲ့လို့ ကြောက်ရွ့ံနေခဲ့တာလို့ ပြောပါတယ်။ ပြီးတော့ ဒီလိုထားခဲ့တာ ခဏခဏပါဘဲတဲ့။ ဒါပင်မဲ့ Eleanor ကတော့ အထင်လွဲမှုတစ်ခုပါဘဲလို့ ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။