မြန်မာနိုင်ငံရဲ့ရေပန်းအစားဆုံးပြိုင်ပွဲကြီးကို စိတ်ဝင်စားကြသူများထဲမှာ

အနုပညာရှင်များလဲအပါအဝင်ပါ ... သားငယ်ရဲ့ အမာခံပရိတ်သတ်တွေဖြစ်တဲ့

နေတိုး ၊ ထွန်းထွန်း ၊ မိုးယံဇွန် တို့အပြင် အခြား နာမည်ကျော် အနုပညာရှင်များကိုလဲ

ပွဲခင်းထဲမှာတွေ့မြင်ရပါတယ် ။ Winner ဆု သန်း ၂၀ နှင့် Solo Ablum ထွက်ခွင့်အပြင်

အခြားသောစပွန်ဆာများကပါ ဆုများစွာပေးအပ်ခဲ့တာမို့ အားလုံးပျော်ရွှင်ခဲ့ရတဲ့ ညလေးတစ်ညဖြစ်ခဲ့ပါတယ် ။

Winner ကကိုယ့်ရဲ့ အကြိုက်နဲ့ ထပ်တူကျလို့ အားရကျေနပ်မှုရှိသူများရှိခဲ့သလို ဘီလီလမင်းအေးရဲ့ Fan တစ်ချို့လဲ

စိတ်မကောင်းဖြစ်ခဲ့ကြမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲတိုင်းမှာ အရှုံးအနိုင် ဒွန်တွဲနေစမြဲမို့

Myanmar Idol season 2 ကတော့ တကယ်ကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့တယ်ပဲ ဆိုရမှာပါ ...

နောက် season တွေကျရင်ရော ဘယ်လိုပါရမီရှင်တွေထွက်ပေါ်လာပြီး ဘယ်လိုတွေတင်ဆက်ပေးဦးမလဲဆိုတာ

ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြရုံပါပဲ ...

Photo source : facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။