ရခိုင်ပြည်နယ် မာန်အောင်ကျျွန်း မာန်အောင်မြို ့လေးက ရခိုင်တိုင်းရင်းသားလူငယ်လေးတစ်ယောက် ။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး နဲ့ မင်းသွေးတို့ရဲ့ မွေးဖွာရာဇာတိမြို ့လေးကပေါ့ ။

Myanmar Idol စင်မြင့်ထက်ကိုမရောက်ခင်က ရိုးရိုးသားသား အကြော်ကြော်ရင်း သီချင်းငြီးတဲ့ သာမန်လူငယ်လေး ။

တစ်နေ့မှာထင်ပေါ်လို့ စင်တော်ကောက်ခံရမယ်လို့ သူတွေးမိမယ်မထင်ဘူး ။

သို့ပေမယ့် သူ့မှာ ကြိုးစားချင်စိတ်ရှိတယ် ... ထက်သန်တဲ့အောင်မြင်ချင်တဲ့ဇွဲရှိတယ် ...

ပရိတ်သတ်ကိုဖျော်ဖြေဖို့ ၀ါသနာကြီးခဲ့ပုံက ၇ တန်း ၈ တန်း အရွယ်

မှာထဲက စုံညီပွဲတော်မှာ အော်ပရာဝင်ကခဲ့သူ ။ ဝဝလုံးလုံးလေးနဲ့

ရသေ့နေရာမှာ ဝင်ရောက်သရုပ်ဆောင်တဲ့အခါ ပီပြင်လွန်းလို့ ၂ ညတိုင်တိုင်

ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သူပါ ။

အခွင့်အရေးရတဲ့အချိန်မှာ

Myanmar Idol စင်မြင့်ထက်ကနေ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ပရိတ်သတ်တွေကို ဖျော်ဖြေခွင့်ရတော့လဲ

ဦးဝင်းဦးရဲ့ မေဘရဏီ သီချင်းကို ပခုံးလေး လှုပ်ကာ လှုပ်ကာနဲ့ ဖျော်ဖြေသွားပုံက

ပရိတ်သတ်တွေပါးစပ်ဖျားရေပန်းစားပြီး မေဘရဏီဆိုတာနဲ့ သူ့အလှုပ်ကလေးကိုတွဲမြင်ယောင်စေသူပါ ။

မြန်မာပြည် ဦးသိန်းတန်ပြောတဲ့ ရှေ ့ဆက်ခုတ်မောင်းမယ့် ကြယ်ငါးပွင့်သဘောင်္ကြီး ၊ မတင်ဇာမော်ပြောတဲ့

ချစ်ဆုံးကြီး ကတော့ Final ပြိုင်ပွဲမတိုင်ခင်ထဲက သရုပ်ဆောင်မင်းသွေးက ဆုရရမရရ အပြုံးနဲ့ဆက်သွားဖို့အားပေးတဲ့အခါ

" ပရိတ်သတ်တွေချစ်တာကို ပိုလိုချင်ပါတယ် " လို့ ပြောခဲ့ပေမယ့် ယခုတော့ ပရိတ်သတ်အချစ် အပြင်

Winner ဆုကိုပါ ဆွတ်ခူးရရှိသွားခဲ့ပါပြီ ... ပဲကြော်ဆိုင်လေးကနေ သူသိပ်ဖြစ်ချင်ခဲ့တဲ့ အဆိုတော်ဘဝကို

တစ်ဆစ်ချိုးပြောင်းလဲနိုင်ခဲ့ပါပြီ ။ အိပ်မက်တွေက မက်ရုံပဲမဟုတ်ဘူး လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာကို

သူသက်သေပြသွားခဲ့ပါတယ် ။

Source : Sithu Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။