ပြည်တွင်း တိုးတက်ပြောင်းလဲလာတဲ့ အရာတွေထဲမှာ မြန်မာ့ရိုးရာအမွေနှစ်တွေကတော့ များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်များ ပြည်တွင်း တိုင်းရင်းသားတို့ရဲ့ အစားအသောက်နဲ့ ရိုးရာအကအလှတွေကတော့ လာရောက်လေ့လာကြည့်ရှု့သူတိုင်းကို ဆွဲဆောင်နိုင်စေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြည်တွင်း တိုင်းရင်းသားအကတွေထဲက ကရင်ရိုးရာအကကို စည်းချက်ညီညီကပြခဲ့တဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာ အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Steve အမည်ရှိသူတစ်ဦးရဲ့ ကရင်ရိုးရာအကကို အမိုက်စားကပြမှုလေးပဲဖြစ်ပါတယ်။ ကရင်ရိုးရာ အကကို စည်းချက်ညီညီကပြနိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ ကြည့်ရှု့သူ သိန်းချီရှိခဲ့တာတွေ့ရပါတယ်။  

အဆိုပါ Steve ကတော့ မြန်မာ့ရိုးရာကို ချစ်မြတ်နိုးကြတဲ့ နိုင်ငံခြားသားတွေထဲမှာ ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကို ပိုမိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ လက်တလောပရိသတ်တွေကြားမှာရေပန်းစားနေတဲ့အဆိုပါ အင်္ဂလန်နိုင်ငံသား Steve ရဲ့ ကရင်ရိုးရာအကဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Photos - Han Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။