ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံကတော့ ကြာလေလေ အချစ်တွေတိုးလာလေလေ ဖြစ်နေပုံပါ ... ရွှေနန်းတော်ရွှေဆိုင်ဖွင့်ပွဲမှအပြန်

လျှပ်တပြတ်ရိုက်ချက်တွေမှာ တွေ့ရတဲ့ သူတို့နှစ်ယောက်ပုံလေးတွေ အသက်ဝင်လွန်းလို့ မျှဝေပေးလိုက်ပါတယ် ။

ပွဲတတ်လာတဲ့ သူတို့နှစ်ယောက်က အနုပညာလောကရဲ့ နာမည်ကြီးများပီပီ ဖက်ရှင်ကတော့အမြဲကျနေတာပါ ...

သပ်ရပ်နေတဲ့ အနောက်တိုင်းဝတ်စုံနဲ့ ပြေတီဦးက မိန်းမချောလေး အူဝဲရဲ့လက်ကိုဆွဲပြီး ဖေးမဆင်းလာပုံက

တော်ဝင် မင်းသမီးလေးလားလို့တောင် မှတ်ယူရပါတယ် ။ ကိုယ့်ချစ်သူကို မင်းသမီးလေးတစ်ပါးလို ဂရုစိုက်ယုယချစ်ခင် ပေးတဲ့စိတ်က

တကယ်ချစ်တတ်တဲ့ယောကျာင်္းတိုင်းခံစားဖူးမှာပါ ။ အခုလဲလှေကားထစ်တွေအဆင်းမှာ ချော်လဲမှာစိုးလို့ အူဝဲရဲ့လက်ကိုဖေးမနေတဲ့

ပြေတီဦးနဲ့ ခင်ပွန်းရဲ့ ဂရုစိုက်မှုကိုခံယူပြီး ပြုံးပျော်နေတဲ့ အူဝဲတို့ကိုမြင်ရတာ စိတ်ချမ်းသာစရာလေးပါ ... ပျော်ရွှင်သာယာချမ်းမြေ ့တဲ့

မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ...

Source : Popular 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။