ယခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံမှာ အနောက်တိုင်းယဉ်ကျေးမှုတွေ ဝင်ရောက်လာတာကြောင့် မိန်းကလေးအများစုက စကပ်တို၊ ဘောင်းဘီတို နဲ့ အဝတ်အစားလုံလုံခြုံခြုံဝတ်ခြင်းက ပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်။ အရွယ်ရောက်ပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကနေ ကာကွယ်နိုင်ပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေကတော့ နောက်ပိုင်းမှာ တဏှာရမ္မတွေကို တက်မက် စွဲလမ်းလာတဲ့ ယောကျာ်းတွေက သူတို့ အကြမ်းဖက်လို့ရမယ့် အားနွှဲ့တဲ့ ကလေးငယ်တွေကို ပြစ်မှတ်ထားလာကြပါတယ်။ ဒါကြောင့် သမီးမိန်းကလေးမွေးထားတဲ့ မိခင်တွေအတွက် ကိုယ် တန်ဖိုးထားရတဲ့ သမီးရတနာလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မကြုံတွေ့ရအောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တစ်နေ့တာ သူတို့ လုပ်သမျှကို အကုန် ပြန်ပြောပြခိုင်းပါ။

ကျောင်းနေတဲ့ အရွယ်မှာဆိုရင် တစ်နေ့လုံးမှာ ဘယ်သူတွေနဲ့ တွေ့ခဲ့တယ်။ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို သင်က စိတ်ရှည်လက်ရှည်မေးဖို့ လိုအပ်ပါတယ်။ ဒါမှ မိဘမဟုတ်တဲ့ အခြားလူစိမ်းတစ်ယောက်နဲ့ သင်ရဲ့ သားသမီးတွေက ရင်းနှီးနေလားဆိုတာကို သိရမယ့် အပြင် သင့်အပေါ်ကိုလည်း သူတို့ ယုံကြည်မှုတိုးလာစေပါလိမ့်မယ်။

(၂) ငယ်ဘဝထဲက ခင်မင်ရင်းနှီးတဲ့ သင့်ရဲ့ မိတ်ဆွေတွေကို မယုံကြည်လိုက်ပါနဲ့

သင့်ရဲ့ ရန်သူက အနီးဆုံးမှာပဲ ရှိနေနိုင်သလို လူ့ စိတ်ဆိုတာလည်း ခန့်မှန်းရခက်တဲ့ အရာပါ။ ဒါကြောင့် သင့်ရဲ့ သမီးလေးတွေကို စိတ်ချလက်ချ အခြားသူနဲ့ ကျောင်းအတူ သွားခိုင်းတာတို့၊ ထည့်ပေးလိုက်တာမျိုးတွေကို လုံးဝ ယုံကြည်စိတ်ချစွာနဲ့ မလုပ်သင့်ပါဘူး။

(၃) သိသင့်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပြောပြထားပါ။

တစ်ချို့ မိဘတွေမှာ ဒီလိုမျိုးတွေ မပြောပြထားတာကြောင့် ကလေးက ဒါမျိုးကြုံနေရင်တောင် အကူအညီတောင်းရမှန်းသိကြတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ အသက်အရွယ်မှာ သိသင့်တဲ့ လိင်ပိုင်းဆိုင်ရာ အချက်တွေကို မိဘက သေချာ ပြောပြထားဖို့လိုအပ်ပါတယ်။ ဥပမာ လူစိမ်းတွေ အနားကပ်လာရင် သတိထားဖို့ အသားတို့ထိတာတို့ လုပ်ရင် သတိထားဖို့ကို စတဲ့ သိသင့်တဲ့ အကြောင်းအရာတွေကို မိဘက ပြောပြထားသင့်ပါတယ်။

(၄) တခြားသူတွေ ထိကိုင်လို့မရတဲ့ နေရာတွေကို သေချာ ရှင်းပြထားပါ

ဒါကတော့ အရေးကြီးပါတယ်။ သိတတ်နားလည်တဲ့ ကလေးတစ်ယောက်က ကိုယ့်ရဲ့ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေက ဘာဆိုတာကို သိဖို့ အရမ်းက အရေးကြီးပါတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့ မအင်္ဂါကို ခေါ်ပုံခေါ်နည်းတွေ သူများကို ထိကိုင်ခိုင်းလို့ မရတဲ့ အကြောင်းတွေကို သေချာရှင်းပြထားသင့်ပါတယ်။

(၅) သူတို့အကာအကွယ်ပေးနိုင်မယ့် ပစ္စည်းတွေရဲ့ အသုံးဝင်ပုံတွေကိုရှင်းပြထားပါ

ကျောင်းကို တစ်နေ့ကုန်လွတ်လိုက်ရတဲ့ အခါ သင့်မျက်စိအောက်မှာ မရှိတော့တာ မို့လို့ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ ရေမွှေးပုလင်းလို အရာမျိုးကို ဘယ်လို အချိန်မှာ သုံးရမယ်ဆိုတာ သေချာရှင်းပြပြီး ထည့်ပေးသင့်ပါတယ်။ သင်မရှိတဲ့ အချိန် အရေးကြုံလာတဲ့ အခါ တကယ်ကို အသုံးဝင်နိုင်ပါတယ်။

ကိုယ့်ရဲ့ အဖိုးတန်တဲ့ ရတနာလေးတွေကို တဏှာသားကောင်တွေရဲ့ လက်ထဲမှာ မပျက်စီးအောင် ကာကွယ်ဖို့က မိဘတွေရဲ့ တာဝန်ပါ။ ဘယ်လိုအရာကိုမှ မပေါ့ဆသင့်သလို သင်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ သမီးရတနာလေးတွေကို သေချာထိန်းကြောင်းနိုင်မယ်ဆိုရင် ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးတွေမှာ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

Source: medicaldaily.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။