သတင်းတစ်ခုမှာ တွေ့လိုက်ရတဲ့ ခိုတွေဆီက ကူးစက်တဲ့ ဘက်တီးရီးယားပိုးတွေကြောင့် (၆) နှစ်အရွယ်ကလေးတစ်ယောက် အသက်ဆုံးရံှုးခဲ့ရတဲ့ သတင်းကို ပရိသတ်ကြီးလည်း ကြားလိုက်ရမယ်ထင်ပါတယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြီး နဲ့ ကြုံတွေ့လိုက်ရတဲ့ ကလေးရဲ့ မိဘတွေကတော့ ရင်ကျိုးလို့ မဆုံးပါဘူး။ ခို ငှက်တွေက ကမ္ဘာအနှံမှာ ကျင်လည် ကျက်စားတဲ့ သတ္တဝါတဲ့ ဖြစ်တဲ့ အပြင် နေရာတိုင်းလိုလို မှာ အမြဲ တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြို့ ထဲ ပိုင်းတွေမှာ အများဆုံး ကျင်လည်ကြပြီး တိုက်အိမ်ပေါ်တွေ မှာ အသိုက်ဆောင်နေထိုင်တတ်ကြပါတယ်။ အုပ်စုလိုက်နေထိုင်တတ်ကြတဲ့ ခိုတွေက တဖြည်းဖြည်းပိုပြီး များပြားလာတဲ့ အပြင် သူတို့ရဲ့ ငှက်ချေးတွေ အမွှေးအမျှင်တွေက တဆင့် ရောဂါဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သယ်ဆောင်လာတာကြောင့် ဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးရသည် အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခို ငှက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကြောက်မယ်ဖွယ်ရောဂါဆိုးကြီးတွေကို မေတ္တာနဲ့ ဖော်ပြပေးထားပါတယ်။

ခိုတွေမှာဆိုရင် များသောအားဖြင့် ဘက်တီးရီးယား အများဆုံးလာတဲ့ နေရာကတော့ ခိုတွေရဲ့ မစင်ပါပဲ ။ ရောဂါတွေကို ဖြန့်ပွားပေးနေတဲ့ ခို ချေးတွေက ရန်ကုန်မြို့ရဲ့ အထင်ကရ လမ်းမတွေ ခိုစားရောင်းတဲ့ ဆိုင်နားတွေမှာဆိုရင် လမ်းမပေါ်မှာ ပြန့်ကြဲစွာ မြင်တွေ့ကြရပါတယ်။ ခိုတွေ အစားကျွေးတာက လူတွေ အမြင်မှာတော့ ကုသိုလ်ရပေမယ့် တကယ်တမ်းတော့ ရောဂါတွေကို မွေးမြူပေးနေရာ ရောက်နေပါတယ်။

ခိုချေးရဲ့ အနံတွေကို ရူရှိုက် မိတဲ့ သူတွေက ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးရှိတဲ့ သူတွေဖြစ်ပါတယ်။ ခိုချေး အနံတွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ များစွာ ပါဝင်ပြီး ဘယ်လိုရောဂါဆိုးတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို အောက်မှာ ဆက်ပြီး ဖော်ပြပေးထားပါတယ်။

(၁) Cryptococcal Meningitis လို့ခေါ်တဲ့ ကြောက်မယ်ဖွယ်ကောင်းတဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေများစွာကို သယ်ဆောင်လာပေးနေတာပဲ ပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အချိန်တွေကြာလာတဲ့ အခါ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတွေကိုဖြစ်စေနိုင်ပြီး နောက်ဆုံး အသက်ဆုံးရှုံးရသည် အထိဖြစ်စေနိုင်ပါတယ်။

(၂) E.Coli လို့ ခေါ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါပိုးတွေကို ခိုချေးတွေမှာ အများဆုံးတွေရတတ်ပါတယ်။ ခိုတွေအသိုက်ဆောက်နေထိုင်နေတဲ့ တိုက်တွေမှာနေတဲ့ သူတွေက ပိုပြီးတော့ သတိထားရမှာပါ။ အချက်အပြုတ် အစားအသောက်တွေကအစ အကုန်လုံးကို သန့်ရှင်းစင်ကြယ်အောင် ထားဖို့ အရေးကြီးပါတယ်။

(၃) နောက်တစ်ချက်တော့ အူလမ်းကြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါပိုးနှစ်မျိုးကို တွေ့ရှိရခြင်းပါ။ သင့်ရှူရှိုက်မိလိုက်တဲ့ ခိုချေးနံတွေဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် အူလမ်းကြောင်းရောက်ရှိသွားပြီး အူယောငန်းဖျားကဲ့သို့သော ရောဂါဆိုးတွေကို ဖြစ်ပွားစေနိုင်တာကြောင့် ကလေးငယ်တွေရဲ့ အသက်အန္တာရယ်ကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ ကလေးငယ်တွေအတွက် အဆိုပါ ရောဂါဆိုးတွေက ဝင်ရောက်နိုင်ဖို့ လွယ်ကူတာကြောင့် ကိုယ့်ရဲ့ ရင်သွေးလေးတွေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ခိုတွေနဲ့ နီးတဲ့ နေရာတွေကို သွားတဲ့ အခါ နှာခေါင်းစီးတွေကို ဆောင်သွားရင်တော့ ရောဂါတွေကို ၅၀%လောက် ကာကွယ်ပြီးရာရောက်ပါတယ်။ လူကြီးကော လူငယ်ပါ ဂရုစိုက်သင့်တာဖြစ်လို့ သတိရှိကြဖို့ အတွက် ထပ်လောင်းပြောချင်ပါတယ်။

Source:sahealth.sa.gov.au

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။