နိုင်ငံတကာအသုံးအနှုန်းအရ Lady Fingerလို့ ခေါ်တဲ့ ရုံးပတီသီးက မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူမှာ အမျှင်ဓာတ်နဲ့ အခြားသော ဓာတ်တွေများစွာပါဝင်တာကြောင့် လူတွေရဲ့ ခန္ဓာကိုယ်ကို ကောင်းစွာအကျိုးပြုနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာမှာတော့ ရုံးပတီသီးကို တို့စရာအဖြစ်ကော ဟင်းချို အဖြစ်ပါ သောက်သုံးကြပြီး သူမှာ ကောင်းကျိုးတွေအများကြီးပါရှိပါတယ်။ ယနေ့ကတော့ ရုံးပတီသီးကို စားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ရုံးပတီဟာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးကို သင့်လျော်တဲ့ အသီးတစ်ခုပါ။ ရုံးပတီသီးမှာ ပါဝင် တဲ့ Folates က သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းတွေကို ဖွံ့ဖြိုးစေနိုင်တဲ့ အပြင် ချို့ယွင်းမှု တွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) ရုံးပတီသီးမှာဆိုရင် ဗီတာမင် K မြောက်မြားစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်ကြံ့ခိုင်မှုအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ အပြင် အရိုးပွရောဂါကဲ့သို့သော ရောဂါတွေမဖြစ်ပွားနိုင်အောင်လည်း ကာကွယ်ပေးပါတယ်။

(၃) ရုံးပတီသီးမှာ ယောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်တဲ့ anti-inflammatory ဆိုတဲ့ ဖွဲ့စည်းမှုတစ်ခုပါဝင်တဲ့ အပြင် ဗီတာမင် C များစွာပါဝင်တာကြောင့် ပန်းနာရင်ကြပ်ရောဂါတွေကိုလည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

(၄) ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ကျွနု်ပ်တို့ရဲ့ အစာခြေစနစ်ကို ကောင်းမွန်အောင် ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်း မဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်တဲ့ အပြင် အူမကြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၅) ရုံးပတီသီးမှာပါတဲ့ အချွဲဓာတ်က ဆံသားတွေအတွက် ဆံပင်ပေါင်းဆေးကဲ့သို့ အစွမ်းတွေကို ပေးနိုင်ပြီး ဘောက်ထခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းတွေကို ပျောက်ကင်းစေပြီး ဆံသားကိုလည်း နက်မှောင်သန်စွမ်းစေပါတယ်။

(၆) ရုံးပတီသီးမှာပါဝင်တဲ့ ဓာတ်တိုးစွမ်းအင်တွေဖြစ်တဲ့ beta-carotenes၊ xanthin၊ lutein တို့က မျက်စိမှာ တိမ်စွဲခြင်းနဲ့ ရေတိမ်ဖြစ်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၇) နောက်ဆုံးတစ်ချက်ကတော့ အိမ်ထောင်ရှင်တွေ အတွက် ရုံးပတီသီးက ကာမအားတိုးဆေးအဖြစ် အစွမ်းထက်တဲ့အပြင် အမျိုးသမီးတွေအတွက် ဓမ္မတာလာချိန်မှာ သွေးလွန်ခြင်းမှ ကာကွယ်ပေးနိုင်ပါသေးတယ်။

ရုံးပတီသီးက ဆေးဖက်ဝင်အသီးတစ်ခုဖြစ်တဲ့ အပြင် ကျန်းမာရေးအတွက် တကယ့်ကို ဘက်စုံအထောက်အကူဖြစ်စေတဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် ရုံပတီသီးကို ပုံမှန်စားသုံးပေးရုံနဲ့ ရောဂါမျိုးစုံကနေ ကာကွယ်နိုင်တဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။

Source: rainn.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။