ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနေ့ကဖြစ်ပွားခဲ့တဲ့ တောင်ငူမြို့ နှစ်လောင်းပြိုင်လူသတ်မှုဗီဒီယိုဖိုင်ကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ လင်မယားနှစ်ယောက်အား သေသည်အထိရိုက်သတ်ခဲ့ပြီး သမီးဖြစ်သူကိုပါ ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး "အခင်းဖြစ်ပွားပုံကတော့ သေဆုံးသူ လင်မယားနှစ်ဦးက ရန်ကုန်ကပါ။ ဗိုလ်မှူးငြိမ်းတစ်ဦးပါ။ တောင်ငူက လူယုတ်မာ ၂ဦးရဲ့ အိမ်ကို အပေါင်ခံထားရာမှ အတိုးလည်းမပေး အိမ်ပေါ်ကလည်းမဆင်းပေးတာကြောင့် သန်းခေါင်စာရင်းနဲ့မှတ်ပုံတင်မိတ္တူ တောင်းရာမှဖြစ်ပွားတယ်လို့သိရှိရသလို၊ မြေဂရန်သက်တမ်းတိုးဖို့သွားရောက်တောင်းယူရမှယခုလို ရက်ရက်စက်စက် လူအလယ်မှာ မသေမချင်း ခေါင်းကိုရိုက်နှက်ခဲ့တာဖြစ်ကြောင်း " မျက်မြင်သတ်သေတစ်ဦးက ပြောပြခဲ့ပါတယ်။  

အဆိုပါ လူသတ်မှုဗီဒီယိုင်ဖိုင်လေးကတော့ ပြည်တွင်းမှာ ပြန့်နှံ့သွားပြီး လူသတ်တရားခံနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ ၎င်းလူသတ်တရားခံနှစ်ဦးအား လူသတ်မှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။  

ရက်ရက်စက်စက်အသတ်ခံရတဲ့အပြင် အရွယ်ရောက်သမီးနှစ်ယောက်ကို ထားခဲ့ရတဲ့အထိစိတ်မကောင်းစရာဖြစ်ပေါ်ခဲ့တဲ့အဆိုပါ ဖြစ်ရပ်ကိုတော့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်မိမယ်ထင်ပါတယ်။ သေဆုံးသူလင်မယားနှစ်ယောက်ရဲ့ မိသားစုပုံရိပ်တွေနဲ့အတူ လူသတ်တရားခံနှစ်ဦးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Wai Hlyan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။