ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တာကတော့ တစ်ကယ့်ကိုရှားပါးဖြစ်စဉ်တွေထဲက ဖြစ်ရပ်လေးတစ်ခုကိုဖော်ပြပေးချင်ပါတယ်။ ဖြစ်ပုံကတော့ ချာလီလို့ အမည်ရတဲ့ ခွေးလေးဟာ ethylene glycol ဆိုတဲ့ ဓာတုအရည်တစ်မျိုးကို လျက်မိသွားတာကြောင့် အသည်းကို ထိခိုက်ကာ သေမလို အခြေအနေဖြစ်သွားရပါတယ်။ ဒါပေမယ့်လည်း သူရဲ့ သခင်တွေက ဖြစ်ဖြစ်ချင်း ချာလီကို တိရစ္ဆာန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဆေးရုံကို ရောက်တဲ့အခါမှာတော့ ဆရာဝန်တွေဟာ ချာလီရဲ့ အခြေအနေ ကို ကြည့်ပြီး နှာခေါင်းမှတဆင့် အစာအိမ်ထဲကို ပိုက်နဲ့ ဗော့ဒ်ကာ အရက်အနည်းငယ် ထည့်ပေးခဲ့ပါတယ်။ ဒီနည်းလမ်းဟာ တစ်ကယ် အလုပ်ဖြစ်ခဲ့ပီး အင်ဇိုင်း ဓာတ်တွေဟာ ဓာတ်အကူးပြောင်းတွေ ဖြစ်သွားပြီး အဆိပ်အာနိသင် ပျယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ္ပံပညာရှင်တွေက ဗောဒ့်ကာ အရက်ဟာ တစ်ကယ့်ကို သန့်စင်ပီးသား အရက် ဖြစ်တာကြောင့် သောက်သုံးသင့်တယ်လို့ အကြံပေးထားပါတယ်။

ချာလီဟာ ဗောဒ့်ကာရဲ့ အစွမ်းကြောင့် ပြန်လည် သက်သာလာခဲ့ကာ တိရစ္ဆာန် ဆေးရုံမှာ ရက်သတ္တပတ်လောက်သာ နေခဲ့ရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သခင်တွေကတော့ ချာလီအခုလို ပြန်လည် ကျန်းမာလာတဲ့အတွက် ပျော်ရွှင်နေကြပြီး ကုသပေးတဲ့ ဆရာဝန်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့ကြောင့် လောကမှာ အရာရာအတိုင်းဟာ ဆိုးကျိုးနဲ့ ကောင်းကျိုးဒွန်တွဲနေတာကြောင့် ဘယ်အရာပဲလုပ်လုပ် ချင့်ချိန်လုပ်ကြပါလို့ အကြံပေးလိုက်ပါတယ်နော်။

Source : Listverse

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။