အသေခံဗုံးဖောက်ခွဲရေးသမားတစ်ဦးဟု သံသယရှိသူတစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ၏ အဓိကကျသော လေဆိပ်တစ်ခုအနီးတွင် မတ် ၂၄ ရက် ညပိုင်းက ၎င်းကိုယ်၎င်း အသေခံဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။

အသက် (၂၅) နှစ်ခန့်ရှိသည့် လူငယ်တစ်ဦးသည် ၎င်း၏အိတ်အတွင်းရှိ ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့မှ အမည်မဖော်သည့်ရဲအရာရှိတစ်ဦးက ပြောကြား သည်။ ၎င်းအသေခံဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ယင်းဖောက်ခွဲ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်းမရှိ သေးပေ။

ဘင်္ဂလားဒေ့ရှ်အထူးအမြန်တိုက်ခိုက်ရေးတပ်ရင်းဌာနချုပ်အား ရည်ရွယ်ရသည့် ယင်းအသေခံဗုံး ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မဟာဗျူဟာမြောက်အရေးပါသော နေရာများဖြစ်သည့် လေဆိပ်များနှင့်အကျဉ်းထောင်များ အား လုံခြုံရေးသတိပေးမှု အမြင့်ဆုံး အဆင့်ထုတ်ပြန်ထားခဲ့သည်။

ယင်းအသေခံဗုံးဖောက်ခွဲမှုကြောင့် ဗုံးဖောက်ခွဲသူမှာ သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက် ဒဏ်ရရခဲ့သည်။ စစ်သွေးကြွတစ်ဦးဟု သံသယရှိသည့် ၎င်းဗုံးဖောက်ခွဲသူသည် ဒါကာမြို့ရှိ ဟာဇရက်ရိုက်ဂျာလယ် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ ဘင်္ဂလားဒေ့ရှ် အထူးအမြန် တိုက်ခိုက်ရေးတပ်ဖွဲ့ဌာနချုပ်အား ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်သည်။

မတ် ၂၄ ရက် ည အသေခံဗုံးခွဲတိုက်ခိုက်မှု မဖြစ်ပွားမီ တစ်ရက်အလိုက မြို့တော် ဒါကာနှင့် ၂၄၅ ကီလိုမီတာကွာဝေးသည့် ပင်လယ်ဆိပ်ကမ်းမြို့ စစ်တကောင်းတွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပုန်းခိုနေသည့် စစ်သွေးကြွများအား စီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ယင်းသို့စီးနင်းရာတွင် စစ်သွေးကြွငါးဦးအနက် လေးဦးမှာ သေဆုံးခဲ့ရသည်။ စစ်သွေးကြွနှစ်ဦးမှာ ၎င်းတို့ကိုယ်၎င်း အသေခံဗုံးဖောက်ခွဲကာ သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ဆင်ဟွာ။

credit - ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။