ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ နှစ်စဉ် ပြုလုပ်နေကျ Birthday Show ကို ဒီနှစ်မှာတော့ ထူးထူးခြားခြား မန္တလေးမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က

“ရန်ကုန် မှာကျင်းပ ရတာ ကျွန်တော့အတွက် အများကြီး ပိုပြီးတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် မန္တလေး မှာမလုပ်တာလည်း ကြာပြီ။ လွန်ခဲ့တဲ့ ငါးနှစ်က လုပ်ခဲ့ပြီးတော့ ပွဲကိုလည်း ပြီးအောင် မဆိုခဲ့ရတဲ့အတွက် မကျေပွဲတစ်ခုလို့လည်း ကျွန်တော့ စိတ်ထဲမှာ တေးမှတ်ထားတာပါ။ ဒီနှစ်တော့ မန္တလေးမှာ သွားပြီး ကျင်းပခွင့့်ပြုပါလို့ ရန်ကုန်က ပရိတ်သတ်ကြီးကို ကျွန်တော်က တောင်းပန်ချင်ပါတယ်” လို့ ရန်ကုန်က ပရိသတ်တွေကို တောင်းပန်စကားလည်း ဆိုထားပါတယ်။

မန္တလေးမှာပြုလုပ်မဲ့ စိုင်းစိုင်း Birthday Show မှာ free Standing Ticket စျေးကတော့ ၉၀၀၀ ကျပ်ဖြစ်ပြီး VIP Ticket လည်းရရှိနိုင်ကြောင်းသိရပါတယ်။ အဆိုပါ ပွဲကြီးကို ၁၀.၄.၂၀၁၇၊ ညနေ ၅နာရီမှ စတင်ကာ မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

Photo - Sai Sai Kham Leng's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။