ချစ်တင်းနှောရာမှာ ချစ်သူနှစ်ဦးသွေးမအေးသွားအောင် ဘယ်လိုပျော်စရာကောင်းအောင်ဖန်တီးမလဲ။

၁။ ကျီစယ်ပေးပါ

သင်တို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းတစ်ဖြည်းဖြည်း ရှည်ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေဟာ လျှော့နည်းလာမယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူး။ ဒါတွေဟာ ချစ်တင်းနှောရာမှာ အနှောက်အယှက်ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ သင်နဲ့ချစ်တင်းနှောဖို့ကို သွေးအေးမသွားဖို့ဆိုရင် သင့်ဘက်က ကလူကျီစယ်တာမျိုးလေးတွေ မကြာခဏပြန်လုပ်ပေးဖို့ လိုပါတယ်နော်။ သူ TV ကြည့်နေတုန်း အနောက်ကနေ သိုင်းဖတ်ပြီး နမ်းတာမျိုးပဲဖြစ်ဖြစ်၊ အလုပ်က ပြန်လာတဲ့ချစ်သူကို တံခါးဝကနေပြီးတော့ ပြေးဖတ်လိုက်တာမျိုးပဲဖြစ်ဖြစ်ပါ။ ကလေးဆန်တယ်လို့ ထင်နိုင်ပေမယ့် အချစ်နဲ့ပတ်သက်ရင် လူတိုင်းကလေးဆန်နိုင်တဲ့ အခွင့်အရေးရှိပါတယ်နော်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သင့်ချစ်သူနဲ့ သင်ကြားက ပျင်းရိငြီးငွေ့စရာကောင်းနေတဲ့ဆက်ဆံရေးကို ပြန်လည်အသက်ဝင်လာစေပြီး ချစ်တင်းနှောရာမှာလည်း နွေးထွေးမှုပိုမိုရရှိမယ်လို့ အာမခံပါတယ်။

၂။ ဆွဲဆောင်မှုရှိတဲ့ညအိပ်ဝတ်စုံဝတ်ဆင်ပါ

အတူတူနေတာ နှစ်ပေါက်နေတဲ့ချစ်သူမို့လို့ မလိုအပ်ပါဘူးလို့ တွေးချင်တွေးပါလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အပြန်အလှန် တွေ့ဖူးပြီးနေပြီပဲ လိုလို့လားလို့ရော မေးချင်ပါသေးလား။ အဖြေကတော့ တစ်ခုထဲပါ။ လုံးဝလိုအပ်ပါတယ်။ အိမ်နေရင်း ဘောင်းဘီတိုနဲ့ သင့်ချစ်သူ တီရှပ်ဖားဖားကြီးကို ခဏလောက် ချွတ်ပြီး သင့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပုံဖော်ပေးမယ့် ဆွဲဆောင်မှုရှိတဲ့ ညအိပ်ဝတ်စုံကို လဲဝတ်လိုက်ပါ။ အထူးသဖြင့် သင့်ချစ်သူကို ပေးမသိပဲ Surprise လုပ်တဲ့ပုံစံမျိုးဆို ပိုဆွဲဆောင်မှုရှိပါတယ်။ ကဲ ဒီတစ်ညတော့ သင်တို့ချစ်သူနှစ်ယောက်အတွက် အရင်ညတွေကထက် ပိုပြီးနွေးထွေးစိတ်လှုပ်ရှားရင်ခုန်နေမယ်ဆိုတာ သေချာပါတယ်။

၃။ အပြင်မှာဒိတ်လုပ်ဖို့တောင်းဆိုပါ

အပြင်မှာဒိတ်လုပ်ဖို့တောင်းဆိုပါလား။ နိုင်ငံတကာမှာတော့ အတူနေချစ်သူတွေပဲဖြစ်ဖြစ်၊ ဇနီးမောင်နှံတွေပဲဖြစ်ဖြစ် နှစ်ဦးတည်းထွက်နေတာများပေမယ့် အာရှနိုင်ငံအချို့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုနဲ့အတူတူနေကြတဲ့စုံတွဲတွေ ရှိနေသေးလို့ အရေးကြီးတဲ့ နောက်ထပ်တစ်ချက် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အပြင်မှာဒိတ်လုပ်ဖို့ပါပဲ။ သမီးရည်းစားတွေမှ မဟုတ်ပါဘူးနော်။ အိမ်ထောင်သက်ကြာလာတဲ့ဇနီးမောင်နှံတွေပါ နှစ်လတစ်ရက်လောက်ပဲဖြစ်ဖြစ် အပြင်မှာဒိတ်ထွက်လုပ်ပြီး အပြင်မှာပဲအိပ်ကြဖို့ တောင်းဆိုကြည့်ပါလို့ မိန်းကလေးတွေကို လက်တို့ချင်ပါတယ်။ ဒါမှ သင်တို့နှစ်ဦးရဲ့ချစ်တင်းနှောခြင်းဟာ လွတ်လပ်ပေါ့ပါးမှုတွေ၊ ချစ်သူရည်းစားဘဝကလို ရန်ခုန်စိတ်လှုပ်ရှားမှုတွေ ပြန်လည်ရရှိမှာဖြစ်တဲ့အပြင် ပုံမှန်လည်ပတ်နေတဲ့အဆောက်အဦးထဲကနေထွက်ပြီး Decoration အသစ်၊ ပတ်ဝန်းကျင်အသစ်မှာ ချစ်တင်းနှောခြင်းအားဖြင့် သင်တို့နှစ်ယောက်စလုံးအတွက် ပိုမိုပြီး စိတ်ကျေနပ်စေမှာပါ။

၄။ ကိုယ်နေဟန်ထားပြောင်းလဲပါ

ချစ်တင်းနှောခြင်းအကြောင်းပြောမယ်ဆိုရင် ဘာအတွက်ပဲပြောပြော ဒီတစ်ချက်က ဘုံပါနေမှာပါ။ တစ်နေ့တစ်နေ့ ဒီလိုပုံစံတစ်မျိုးနှစ်မျိုးလောက်နဲ့ပဲ ချစ်တင်းနှောနေရတာ သင်ရော မငြီးငွေ့ဖူးလား။ သင့်ရဲ့ချစ်သူကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်သာမပြောဖြစ်တာ စိတ်ထဲမှာပျင်းရိနေလောက်ပါပြီ။ အဲဒီတော့ သင်ကသာ စတင်ပြောလိုက်ပါတော့။ အချစ်မှာ ယောက်ျားလေး၊ မိန်းကလေးမရှိသလို၊ သူသာတယ်၊ ကိုယ်နာတယ်လို့လည်း မရှိပါဘူး။ အဲဒီလိုချစ်တင်းနှောတဲ့ ကိုယ်နေဟန်ထားပြောင်းလဲလိုက်ခြင်းအားဖြင့် သင်တို့နှစ်ယောက်ရဲ့ ချစ်တင်းနှောမှုက ပိုမိုစိတ်ဝင်စားဖို့ ကောင်းလာမှာပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။