ပွန်ပီမြို့လို့အမည်ရပြီး ယနေ့ချိန်အထိ ချော်ခဲတွေနဲ့ကျန်ရစ်တဲ့ ခန္ဓာကိုယ်အနေအထားတွေကြောင့် ကမ္ဘာကျော် ထင်ရှားတာပဲဖြစ်ပါတယ်။

AD 79 ခုနှစ်က ပွန်ပီလို့ အမည်ရတဲ့ ရောမမြို့တစ်မြို့ တည်ရှိခဲ့ပါတယ်။ ပွန်ပီမြို့ဟာ ယနေ့ခေတ် အီတလီနိုင်ငံ (Naples) နပ်ပလ်မြို့တော်အနီးမှာ တည်ရှိခဲ့ဖူးတာပဲဖြစ်ပါတယ်။ ပွန်ပီမြို့ဟာ အလွန်သာယာပြီး မြို့အလယ်ခေါင်မှာလည်းအလွန်လှပတဲ့ (Vesuvius)ဗစ်ဆူးဗီးယပ်အမည်ရ မီးတောင်ကြီး ရှိပါတယ်။

(Vesuvius ) ဗီဆူးဗီယက် မီးတောင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းခန့်ကတည်းကဖြစ်တည်လာခဲ့ပြီး ၅ ကြိမ်တိုင်တိုင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ AD 79 ခုနှစ်မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ပွန်ပီမြို့ဟာ ချော်ရည်ပူများ ပြာမှုန်များ အောက်သို့ရောက် ရှိကာ လူဦးရေ ၂၀၀၀ ခန့် သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ 

ချော်ရည်နှင့် ပြာမှုန်ဖုံးလွမ်းခံခဲ့ရတဲ့ လူသား နှင့် တိရိစ္ဆာန်ရုပ်ကြွင်းများစွာ ပြည့်နှက်နေတဲ့ ပွန်ပီမြို့ကို ပညာရှင်တို့ 1748ခုနှစ်တွင် တွေ့ရှိခဲ့ကြောင်းဖော်ပြလိုက်ရပါတယ်။

Source : MyMediaMyanmar

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။