လက်တလောပြည်တွင်းမှာ နာမည်ကြီးနေတဲ့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကား Line Walker 2 ရိုက်ကူးမှုကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ ကမ္ဘာကျော်မင်းသားတွေနဲ့လာရောက်ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပြည်တွင်း အနုပညာရှင်များစွာလည်း ပါဝင်လျှက်ရှိတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ အမိုက်စားရိုက်ကူးမှုတွေနဲ့ အကောင်းဆုံးပြင်ဆင်ရိုက်ကူးနေပြီး လက်ရှိ ရန်ကုန်မြို့အလယ်နေရာကြီးတွေမှာ အဓိကရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ Line Walker 2 ဇာတ်ကားကြီး ရိုက်ကူးမှုအတွက်ဆူးလေနှင့်အခြား နေရာအချို့ကို ပိတ်ဆို့ထားပြီး ယမ်းဖောက်ပစ်ခတ်မှုတွေနဲ့ ရိုက်ကူးလျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ယမ်းဖော်ပစ်ခတ်မှုတွေကြောင့် ရန်ကုန်မြို့ သွားလာလည်ပတ်သူ အချို့ကတော့ အထိပ်တလန့်ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ 

မကြာသေးမီကရိုက်ကူးခဲ့တဲ့ လမ်းမပေါ်ပစ်ခတ်မှုဇာတ်ဝင်ခန်းမှ သေနတ်သံတွေကြောင့် ခရီးသွားပြည်သူအချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ Line Walker 2 ရိုက်ကူးမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပြည်သူအချို့ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Shwe owl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။