ငယ်ငယ်က TV မှာလာတဲ့ စိန်ဘယက်ကြော်ငြာလေးကို ကြည့်ဖူးကြရင် သူဘယ်သူလဲဆိုတာ သိမှာပေါ့နော်။

သူကတော့ စိန်ဘယက်ကြော်ငြာထဲက ကလေးသရုပ်ဆောင်ဘဝ ကနေ လက်ရှိအချိန်ထိ ပရိသတ်တွေအားပေးမှုရရှိလာတဲ့ သရုပ်ဆောင် သူရိယပါ။

သူရိယဟာ မကြာသေးမီက MRTV 4 ကထုတ်လွှင့်ပြသခဲ့တဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

လက်တလောမှာတော့ သူဟာ ပစ္စလက်ရွာ ဇာတ်ကားရိုက်ကူးဖို့အတွက် ပုပ္ပါး က စက်စက်ယိုရွာကို ရောက်ရှိနေတာပါ။

ဒီဇာတ်ကားမှာ သူရိယတစ်ယောက် ဆံပင်ညှပ်လိုက်ရတာဟာ ထူးထူးခြားခြားအနေနဲ့ ဆံရစ်ဝိုင်း ဆံပင်ပုံစံမျိုး နဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကတော့ ရိုက်ကူးရေးအတွက်ရောက်ရှိနေတဲ့ သူရိယ အပါအဝင် အနုပညာရှင်တွေက စက်စက်ယိုရွာမှ ကျောင်းသားတွေအတွက် လိုအပ်တဲ့ ပစ္စည်းများ နဲ့ စိန်ဘယက်တိုင်းရင်းဆေးများ လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူရိယတစ်ယောက် ရန်ကုန်ပြန်ရောက်ရင်တော့ သင်္ကြန်ကို မြန်မာ့ရိုးရာ ဆံရစ်ဝိုင်းကေနဲ့ပဲ လျှောက်လည်တော့မယ်လို့ သူ့ရဲ့ ဖေ့ဘုတ်စ်မှာ နောက်ပြောင်ကာတင်ထားပါတယ်။

သူရိယ ဆံရစ်ဝိုင်းကေလေးနဲ့လိုက်ဖက်လား ပရိသတ်ကြီးရေ။

သတင်းအရင်းမြစ် Thu yi ya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။