မြန်မာ့လက်ဝှေ့လောကရဲ့ ပြိုင်ဘက်ကင်းဖိုက်တာတစ်ဦးဖြစ်တဲ့ သံမဏိစိုးလင်းဦးကိုတော့ပရိသတ်အားလုံးလည်း ရင်းနှီးကြမယ်ထင်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲများစွာကို သွားရောက်ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် အောင်ပွဲများစွာနှင့် မြန်မာ့အလံကိုလွှင်ထူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သံမဏိစိုးလင်းဦးကိုတော့ ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသားများစွာနှင့်အတူ အနုပညာလောက၊ ဂီတလောကသားများစွာကတော့ အမြဲချီးကြူးဂုဏ်ပြုလျှက်ရှိတာလည်းတွေ့ရပါတယ်။   

လျှင်မြန်တဲ့ ထိုးချက်တွေနဲ့ ပြိုင်ဘက်ကစားသမားများစွာကို အလဲထိုးနိုင်ခဲ့ပြီး မြန်မာ့လက်ဝှေ့ရဲ့ ထိပ်တန်းစာရင်းဝင်သူတစ်ဦးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ စိုးလင်းဦးကတော့ သူ့ရဲ့ ထိုးသတ်ခဲ့တဲ့ ပွဲပေါင်းများစွာမှ ရရှိခဲ့တဲ့ နိုင်ပွဲတွေနဲ့အတူ ပရိသတ်တွေကြားမှာရေပန်းစားလာခဲ့ပြီး ကြိုးစားမှုရဲ့ နောက်ကွယ်ကိုတော့ ဖြစ်ရပ်အချို့ကတော့ ပရိသတ်အချို့လောက်သာ သိခဲ့ရတာပဲဖြစ်ပါတယ်။  

အောင်မြင်တဲ့ လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ဖို့ ကြိုးစားရုန်းကန်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ အခြေနေတွေကတော့ များစွာရှိခဲ့ပါတယ်။ အဆိုပါ ရုန်းကန်မှုတွေထဲမှာ အလဲအကွဲထိုးနှက်ချက်တွေကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ချုပ်ရိုးကြောင်း တွေကတော့ သေရာပါ အမှတ်အသားတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေ ချစ်တဲ့ စိုးကြီးရဲ့ လက်ဝှေ့ပွဲနောက်က ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Soe Lin Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။