လက်တလောပြည်တွင်းမှာ နာမည်ကြီးနေတဲ့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကား Line Walker 2 ရိုက်ကူးမှုကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ ကမ္ဘာကျော်မင်းသားတွေနဲ့လာရောက်ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပြည်တွင်း အနုပညာရှင်များစွာလည်း ပါဝင်လျှက်ရှိတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ အမိုက်စားရိုက်ကူးမှုတွေနဲ့ အကောင်းဆုံးပြင်ဆင်ရိုက်ကူးနေပြီး လက်ရှိ ရန်ကုန်မြို့အလယ်နေရာကြီးတွေမှာ အဓိကရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။   

ငွေသုံးစွဲမှုများစွာရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကလည်း များစွာရှိတာကိုတော့ လာရောက်ကြည့်ရှု့သူတွေအားလုံးတွေ့မြင်ရမှာပါ။ သွားရောက်ကြည့်ရှု့သူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပြီး အသုံးပြုပုံနဲ့ ရိုက်ကူးပုံတွေကတော့ အားလုံးကို လေးစားစေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီကနေ့ မှာလည်း အမိုက်စားကားဖောက်ခွဲမှုတွေနဲ့ လာရောက်သူတွေကို အံ့အားသင့်စေခဲ့တာပဲဖြစ်ပါတယ်။  

ကြီးမားတဲ့ ကရိန်းကြီးတွေနဲ့ မော်တော်ယာဉ်တွေကို ကြိုးဆွဲရိုက်ကူးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကတော့ များစွာရှိခဲ့တာပဲဖြစ်ပါတယ်။ လမ်းမပေါ်သွားရောက်သူများနဲ့ နေအိမ်တိုက်ခန်းတွေမှ ကြည့်ရှု့သူတွေကို ရင်တထိပ်ထိပ်ဖြစ်စေခဲ့ပြီး အကောင်းဆုံးဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ လက်တလောက ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ အဆိုပါ Line Walker 2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

VIDE0 - EI MYAT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။